32 C
Yangon

TNLA အနေဖြင့် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု အမျိုးမျိုး ရင်ဆိုင်ခံစားနေရပြီး ပြည်သူလူထုလည်း ထိခိုက်နေရဟု ဗိုလ်မှူးကြီးတားပန်လ တရားဝင် ထုတ်ဖော်ပြောဆို

Must read

ရန်ကုန်| မတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ်များကို ထိန်းချုပ်ထားသော TNLA အနေဖြင့် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု အမျိုးမျိုးကို ရင်ဆိုင်ခံစားနေရဟု TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတားပန်လက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်တစ်လျောက်နှင့် တရုတ်ဂတ်စ်ပိုက်လိုင်းစီမံကိန်းများ၊ တရုတ်စီမံကိန်းများ၊ တရုတ်၏ ကိုယ်ကျိုးစီးပွား ရှိသောနေရာများတွင် တိုက်ပွဲမဖော်ဆောင်ရန် ခြိမ်းခြောက် ဖိအားပေး ပြောဆိုနေကြောင်း ၎င်းက ဆိုသည်။

“တရုတ်နိုင်ငံရဲ့ ချည်းကပ်မှုကတော့ တရုတ်-မြန်မာနယ်စပ် တစ်လျှောက်မှာ တိုက်ပွဲ လုပ်လို့မရဘူး။ တိုက်ပွဲ မဖော်ဆောင်ရဘူး။ နောက်ပြီးတော့ သူရဲ့ ဂတ်စ်ပိုက်လိုင်းတစ်လျှောက် တိုက်ပွဲ မလုပ်ရဘူး၊ တိုက်ပွဲ မဖြစ်ရဘူး။ အဲဒါတင်မကဘူး။ သူရဲ့ အကျိုးစီးပွားရှိတဲ့နေရာ သူ့ရဲ့စက်ရုံတွေ ရှိတဲ့နေရာမှာ တိုက်ပွဲ မလုပ်ရဘူးဆိုပြီး တောက်လျှောက် နှစ် ဆယ်နဲ့ချီ တောက်လျှောက် အမြဲတမ်း ပုံမှန် လူကိုယ်တိုင်လည်းပြောတယ်၊ မက်ဆေ့ချ်ပို့တယ်။ အမြဲတမ်း တိုက်ပွဲ မဖြစ်ပွားဖို့ ပြောခဲ့တယ်” ဟု ဗိုလ်မှူး​ကြီး တားပန်လက ဆက်လက်ပြောဆိုသည်။

တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများရှိနေပြီး ရွှေလီအစိုးရက ပေးပို့သည့် စာကို အများပြည်သူများ မှတ်မိကြလိမ့်မည်ဟု ယူဆကြောင်း၊ တရုတ်အနေဖြင့် နှုတ်ဖြင့်ရော၊ အခြားနည်းလမ်းဖြင့်ပါ ဖိအားပေးမှု မျိုးစုံလုပ်ဆောင်နေကြာင်း ၎င်းက ဆိုသည်။

“ခြိမ်းခြောက်မှုတွေ ရှိသလားဆိုရင် ရှိတယ်လို့ ပြောရမယ်လို့ထင်ပါတယ်။ ဟိုတစ်လောတုန်းက ရွှေလီအစိုးရက ပေးပို့တဲ့စာကို အားလုံးမှတ်မိကြမယ်လို့ထင်ပါတယ်။ အဲဒါတင်မကပါဘူး၊ နှုတ်နဲ့ရော အခြားနည်းလမ်းနဲ့ရော ပုံမှန် ခြိမ်းခြောက်မှုဆိုတာထက် ဖိအားပေးမှု တွေ ပုံမှန်ရှိနေပါတယ်” ဟု ဗိုလ်မှူးကြီး တားပန်လက ရှင်းပြသည်။

ထို့ပြင် တရုတ်နိုင်ငံကလည်း ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ဖြတ်လေးဖြတ်ပုံစံဖြင့် ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြည်သူလူထုမှာ တရုတ်နှင့် စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် ကျပ်တည်းစွာ နေထိုင်ရပြီး စားဝတ် နေ ရေးများ ခက်ခဲနေကြောင်း၊ ရောင်းဝယ်မှုများ လုပ်ကိုင်မရတော့ဘဲ ထိခိုက်ခံစားနေရကြောင်း၊ လူထုအနေ ဖြင့် တရုတ်၏ ဖိအားပေးမှုများကြောင့် အလွန်ထိခိုက်ခံစားရကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article