ရန်ကုန်၊ မေ ၅
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်ရှိ ပြည်သူ့ ဆေးရုံနှင့် ကျောက်မဲမြို့ နေရာတချို့ကို စစ်ကောင်စီက ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသ တင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ယနေ့ မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်နှင့် နံနက် ၁၁ နာရီ ၂၁ မိနစ်အချိန်တို့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်က ကျောက်မဲမြို့နယ်အတွင်း သို့ ဗုံးများကျဲချသွားခြင်းဖြစ်ကြောင်း၊ ဗုံးကျဲခံရသည့်နေရာတစ်ခုမှာ ကျောက်မဲပြည်သူ့ဆေးရုံဖြစ်ပြီး ယင်းဆေးရုံကို ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း လေယာဉ်ဖြင့် ဗုံးကျဲခဲ့ဖူးကြောင်း၊ ယနေ့ နံနက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံကို ဗုံးကျဲမှုမှာ ဒုတိယအကြိမ် ဗုံးကျဲမှုဖြစ်ကြောင်း သိရှိရသည်။
“လေယာဉ်က တော်တော်လေးကြာအောင် ဝဲပြီးတော့မှ ဗုံးကျဲသွားတာ။ ကျောက်မဲဆေးရုံနား ပတ်ဝန်းကျင်ကိုပဲ ကျဲတာ။ ၂ ကြိမ်ကျဲတယ်။ ဗုံး ၄ လုံးလောက်ရှိမယ်။ အထိအခိုက်တော့ မသိရသေးဘူး” ဟု ကျောက်မဲဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကျောက်မဲမြို့နယ် ဆေးရုံကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၅ ရက်နေ့တွင်လည်း လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် CDM သူနာပြု ဆရာမ ၁ ဦး၊ လူနာ ၁ ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီက တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေး နွေးပွဲ မအောင်မြင်ချိန်မှစတင်၍ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ အပါအဝင် TNLA တိုက်ခိုက်သိမ်းပိုက်ထားသော မြို့များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – ကျောက်မဲဆေးရုံကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
