35 C
Yangon

ရေဦးနှင့် ကနီမြို့နယ်တို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုး သမီး ၁ ဦးသေဆုံးပြီး နေအိမ်နှင့် အဆောက်အအုံ တချို့ပျက်စီး

Must read

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့‌ မေလ ၅ ရက် နံနက် ၉ နာရီခန့်အချိန် ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မိတ္ထီလာ လေတပ်မှ တက်လာသည့် Mi 29 တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ထမင်းချက်နေသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ပေါင် ၂၅၀ ဗုံးလုံးကျဲချသွားတာ။ ထမင်းချက်နေတဲ့ အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါ ဘူး၊ နေအိမ်တွေ လည်း ပျက်စီးတယ်။ ဗုံးကျဲချတာ ရွာထဲလို့လည်းပြောလို့ရတယ်။ လယ်ကွင်းတွေထဲလည်း ဗုံးကျတယ်” ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ရေဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင် စီက ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိ ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ တူးထားကြပါရန်တိုက်တွန်းထားသည်။

“စစ်ကောင်စီကတော့ ငလျင်ဘေးကြောင့် အပစ်အခတ်ရပ်တယ်။ ဘာညာသွေးရူးသွေးတန်းလျှောက် ပြောပြီးထုတ်ပြန်ချက်တွေထုတ်နေပေမယ့် ကျနော်တို့ပြည်သူတွေကို ဗုံးကျဲသတ်ဖြတ်နေတာဖြစ်ပါ တယ်။ ရှေ့လျှောက်လေကြောင်းရန် ကာကွယ်နိုင်ဖို့ လေကြောင်းရန် သတိပေးချက်သတင်းတွေ နား စွင့်ဖို့ ၊ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လေ့လာဖို့နဲ့ တိုက်တွန်းချင်ပါတယ်” ဟု ရေဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောဆိုသည်။

အလားတူ ယနေ့ မေလ ၅ ရက် နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်၊ ချောင်းမ အရှေ့ရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူနေထိုင်ခြင်းမရှိသည့် မီး သတ်ရုံးအဆောက်အအုံ တချို့ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article