25.8 C
Yangon

ကောလင်းမြို့တွင် စစ်ကောင်စီတပ်က အသက် ၅၀ နှစ်အရွယ် ဒေါ်ဥကို ပစ်ခတ်သတ်ဖြတ်

Must read

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ထဲမှ ထွက်လာသော အကြမ်းက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက အသက် ၅၀ နှစ်အရွယ် ဒေါ်ဥ ကို ပစ်သတ်ခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ကောလင်းမြို့ထဲမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ် ကြောင်းနှင့် ကောလင်းခရိုင် တပ်ရင်း ၁ ၊ ပကဖ ပူး‌ပေါင်းအဖွဲ့တို့ တာရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြားပြီး စစ်ကြောင်း အထိနာကာ ကောလင်းမြို့ထဲသို့ ပြန်လည်ဆုတ်ခွာစဉ် အသက် ၅၀ နှစ်အရွယ် ဒေါ်ဥ ကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အသက် ၅၀ နှစ်အရွယ် ဒေါ်ဥ ကို မနေ့က စစ်ခွေးတွေ ပစ်သတ် ထားခဲ့တာပါ။ တာရွာ တိုက်ပွဲမှာ သူတို့အထိနာပြီး စစ်ခွေး စစ်ကြောင်းက မြို့ထဲကို ပြန်ဝင်သွားတယ်” ဟု Kawlin info မှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article