35 C
Yangon

၂၀၂၇ ခုနှစ်တွင် KNDO ဌာနချုပ်ကို တည်နေရာဟောင်းဖြစ်သော အင်းစိန်တွင် ပြန်လည်တည်ဆောက်မည်ဟု KNDO ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြား

Must read

ရန်ကုန်၊ မေ ၅

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အနေဖြင့် လာမည့် ၂၀၂၇ ခုနှစ်တွင် KNDO ဌာနချုပ်ကို တည် နေရာဟောင်းဖြစ်သော ရန်ကုန်၊ အင်းစိန်တွင် ပြန်လည် တည်ဆောက်မည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြားလိုက်ကြောင်း KNDO က တရားဝင် သတင်းထုတ်ပြန်သည်။

ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)သည် ကရင့်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မပေါ်ပေါက်မီ ကတည်းက တည်ရှိခဲ့ကြောင်း၊ KNDO သည် KNU ၏လက်နက်ကိုင်အဖွဲ့အဖြစ် ၁၉၄၇ နှစ်မှ ၁၉၄၉ ခုနှစ်အထိ ဂျပန်အစိုးရ နှင့် လွတ်လပ်ရေးခေတ်ဦး မြန်မာအစိုးရတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြောင်း၊ KNDO ၏ ဌာနချုပ် ဟောင်းသည် ရန်ကုန်တိုင်း၊ အင်းစိန်တွင် အခြေစိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မျက်မှောက်ကာလတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက လာမည့် ၂၀၂၇ ခုနှစ်တွင် ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ၏ဌာနချုပ်သည် တစ်ချိန် တည်နေရာဟောင်းဖြစ်ခဲ့သော အင်းစိန်သို့ အသစ်တဖန်ပြန်လည် တည်ဆောက်မည်ဟု KNDO တပ်မှူးများကို ညွှန်ကြားချက်ပေးထားကြောင်း သိရှိရသည်။

“KNDO စစ်ဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ညွှန်ကြားချက်က အတည်ဖြစ်တယ်၊ မှန်ကန်တယ်ဆိုတာ KNDO ဘက်က အတည်ပြုပါတယ်” ဟု ကရင့်တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article