ရန်ကုန်၊ မေ ၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီ အနီး လုံခြုံရေးကင်းယူနေသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း Black Eagle LPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဆားလင်းကြီးမြို့နယ်၊ တရုတ် ဝမ်ပေါင် ကုမ္ပဏီ အနီး လုံခြုံရေးကင်းယူပြီး ပြည်သူများထံမှ ငွေကြေး တောင်းရမ်းနေသော စစ်ကောင်စီ တပ်သား ၄၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးအင်အားက ၄၀ လောက်ထိရှိတယ်။ လမ်းကင်းယူ သောက်စားပြီး ခရီးသွားပြည်သူတွေဆီကနေ ပိုက်ဆံတောင်းရမ်းနေလို့ မဟာမိတ်တွေနဲ့ပေါင်း ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ စစ်ခွေး သေစာရင်းက သေတာ ထပ်တိုးမရှိဘူး။ ကင်းယူတဲ့ အင်အားကလည်း များတယ်။ လက်နက် အင်အားကျည်အင်အားမှာ ကျနော်တို့ဘက်က လုံ လောက်မှုမရှိဘူး။ ကျနော့် ရဲဘော်တွေ ထိခိုက်မူမရှိ စေဖို့ရာ ပြန်ဆုတ်ခဲ့ရပါတယ်။ ကျည်တွေ လက်နက်တွေ အလုံအလောက်ရှိရင် ဒီထက်မက မစ်ရှင်ဖော်ဆောင်နိုင်ပါတယ်” ဟု Black Eagle LPDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Eagle LPDF ၊ Fighter brotherhood Guerrilla Army -FBGA ၊ နယ်စည်းမခြား ဇာမဏီပျောက်ကြားတပ်ဖွဲ့(ယင်းမာပင်ဒရုန်းအဖွဲ့)၊ တစ်ခြားမဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
