30 C
Yangon

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပြည်သူများ သိသာစွာ ခံစားလိုက်ရပြီး လမ်းများပေါ်တွင် နေထိုင်ကြ

Must read

ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၆ ရကနေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃ ဒသမ ၇ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါကြောင်း ၊ အဆိုပါနေရာအနီး၌ပင် ယနေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ရစ်ခ်တာစကေး ၂ ဒသမ ၉ အဆင့်နှင့် ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

NUG ၏ ထုတ်ပြန်ချက်တွင် ယေဘုယျအားဖြင့် ရစ်ခ်တာစကေး ပြင်းအား ၄ နှင့်အထက် ငလျင်များသည် ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်သော်လည်း ရန်ကုန်တိုင်းအတွင်း လှုပ်ခတ်သည့် ငလျင်ငယ်များအတွက် အများပြည်သူ စိုးရိမ်ပူပန်မှုများရှိခြင်းကြောင့် သိရှိနိုင်ပါရန် အသိပေးအပ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ကျနော်တို့တော့ အိမ်အောက်မှာ။ ငလျင်က အရမ်းကြီးတော့ မကြမ်းဘူး။ ဒါပေမယ့် အရမ်းသိသာတယ်။ တအိအိနဲ့ လှုပ်တာ။ အထပ်မြင့်တွေ အကုန်သိသာတာ” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးကြောင့် လူပေါင်း ၄၀၀၀ နီးပါး သေဆုံးခဲ့သည့်အတွက် ယခုည လှုပ်ခတ်သော ငလျင်ကို ပြည်သူများ ထိတ်လန့်စိုးရိမ်နေကြသည်ဟု ရန်ကုန်မြို့ခံအများစုက ပြောဆိုကြသည်။

“ရန်ကုန်မှာ တိုက်တာပိုများတော့ ငလျင်ကို ကြောက်တယ်။ တိုက်တွေကလည်း ဖြစ်သလို ဆောက်ထားကြတာ” ဟု ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မျိုးချစ်လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article