30 C
Yangon

အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်၊ ယခင်လအတွင်း အိန္ဒိယထိန်းချုပ်သော ကက်ရှမီးယားတွင် အိန္ဒိယနိုင်ငံသားအများစု သေဆုံးစေခဲ့သော အကြမ်းဖက်လုပ်ရပ်အတွက် လက်တုံ့ပြန်ဟုဆို

Must read

ရန်ကုန်၊ မေ ၇

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ယနေ့ နံနက်အစောပိုင်းစတင်တိုက်ခိုက်လိုက်ပြီး ယခင်လအတွင်းဖြစ်ပွားခဲ့သော အိန္ဒိယထိန်းချုပ်သည့် ကက်ရှမီးယားဒေသတွင် အိန္ဒိယနိုင်ငံသားအများစု သေဆုံးစေခဲ့သော အကြမ်းဖက်လုပ်ရပ်အတွက် လက်တုံ့ပြန်လိုက်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်အစောပိုင်း အိန္ဒိယက ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်ထိန်းချုပ်သော ကက်ရှမီးယားဒေသများရှိ ပစ်မှတ် ၉ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဓိကအားဖြင့် အကြမ်းဖက်သမား၏ နေရာများကို ဦးတည်ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အိန္ဒိယက ဆိုသည်။

“ဒီတုံ့ပြန်မှုက အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသမှာ အိန္ဒိယနိုင်ငံသား ၂၅ ဦးနဲ့ နီပေါနိုင်ငံသား ၁ ဦး သေဆုံးစေခဲ့တဲ့ ပါဟယ်လ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကို တုံ့ပြန်တာဖြစ်ပါတယ်” ဟု အိန္ဒိယကာကွယ်ရေးဝန် ကြီးဌာနက ကြေညာသည်။

ဧပြီလ ၂၂ ရက်နေ့ အိန္ဒိယထိန်းချုပ်ထားသည့် ကတ်ရှ်မီးယား​ဒေသ ပါဟယ်လ်ဂမ်​ကျေးရွာတွင် အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါနိုင်ငံသား ၁ ဦး အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း၊ အဆိုပါ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက် ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံက တာဝန်ယူရမည်ဟု အိန္ဒိယနိုင်ငံက ထုတ်​ဖော်​ပြောကြားပြီးနောက် အိန္ဒိယက ယနေ့ နံနက်အစောပိုင်း စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံကလည်း အိန္ဒိယက ဒုံးကျည်များဖြင့် တိုက်ခိုက်ကြောင်း အတည်ပြုလိုက်ပြီး ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှမီးယားဒေသတွင် ပေါက်ကွဲသံများထွက်ပေါ်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ လူ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန်နိုင်ငံက အိန္ဒိယ၏ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မည်ဟု ပြောဆိုပြီးနောက် အိန္ဒိယတိုက်လေယာဉ် ၃ စီးနှင့် ဒရုန်း ၁ စီးကို ပစ်ချခဲ့ကြောင်း၊ ပါကစ္စတန်လေပိုင်နက်အတွင်း လေယာဉ်ပျံသန်းမှုများကို ပိတ်ပင်လိုက်ကြောင်း ကြေညာသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကက်ရှမီးယားဒေသနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာကတည်းက နယ်မြေပိုင်ဆိုင်မှု အငြင်းပွား တိုက်ခိုက်ခဲ့ကြကာ နှစ်နိုင်ငံလုံးမှာ နူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် နိုင်ငံများဖြစ်ကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article