33 C
Yangon

ရောဂါသည်နှင့် စိတ်ရောဂါ အခံရှိသူ မောင်ရန်နိုင်ဖြိုးကို စစ်တပ်က ၃ ကြိမ်မြောက် ပေါ်တာဆွဲပြီး စစ်မှု ထမ်း တပ်သား အဖြစ် စုဆောင်း၊ ဆေးကျ၍ စုဆောင်းရေးတပ်များက လက်မခံဘဲ ပြန်လွှတ်ခဲ့သော်လည်း အခြားတပ်များက ထပ်မံ ပေါ်တာဆွဲ စစ်သားအဖြစ် စုဆောင်းသွားပြန်

Must read

ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရောဂါသည်နှင့် စိတ်ရောဂါ အခံရှိသူ မောင်ရန်နိုင်ဖြိုးကို စစ်တပ်က ၃ ကြိမ်မြောက် ပေါ်တာဆွဲပြီး စစ်မှု ထမ်း တပ်သား အဖြစ် စုဆောင်းထားကြောင်း မောင်ရန်နိုင်ဖြိုး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မောင်ရန်နိုင်ဖြိုးသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ဆီးချိုရောဂါနှင့်စိတ်မတည်မငြိမ်သည့် ရောဂါအခံရှိသူဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့ ဒညင်းကုန်းစျေးအနီးတွင် အလုပ်သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ မတ်လ ၁၀ ရက်နေ့ အဆက်အသွယ်ရရှိပြီး စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကျိုင်းတုံမြို့နယ်ရှိ အမှတ် ၁၁ တန်းမြင့်လေ့ကျင့်ရေးတပ်တွင် ရောက်ရှိနေကြောင်း ၊ ယခုအကြိမ် စစ်သားအဖြစ် စုဆောင်းခံရမှုသည် တတိယအကြိမ် စုဆောင်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရောဂါသည် မောင်ရန်နိုင်ဖြိုးသည် ပထမအကြိမ်အဖြစ် အလုပ်သွားစဉ် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ခံခဲ့ရကြောင်း၊ ယင်းနောက် ၁ လကျော်ကြာ ပျောက်ဆုံးခဲ့ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ရဲစခန်းတွင် လူပျောက် အမှုဖွင့်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ဒညင်းကုန်းစစ်သားစုဆောင်းရေးတပ်မှ တစ်ဆင့် ဖောင်ကြီးအမှတ် ၁ လေ့ကျင့်ရေးတပ်သို့ ရောက်ရှိခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတွင် ရောဂါများ ဖြစ်ပွားနေသဖြင့် ဆေးကျသည်ဟုဆိုကာ ဖောင်ကြီး အမှတ် ၁ လေ့ကျင့်ရေးတပ်မှ တာဝန်ခံ ဗိုလ်ကြီးသန့်ဇော်စိုးက အကြောင်းကြားခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ဒညင်းကုန်းစစ်သားစုဆောင်းရေးတပ်သို့ ပြန်လည်ပို့ ဆောင် ကာ တာဝန်ခံ ဗိုလ်ကြီးဟိန်းထက်ဦးက မိဘများထံသို့ ပြန်လည် အပ် နှံခဲ့ကြောင်း သိရှိရသည်။

ဒုတိယအကြိမ်အဖြစ် ပေါ်တာဆွဲခံရမှုအဖြစ် ဒေးဒရဲမြို့နယ် စစ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီးအောင်ဟိန်း၏ စစ်သား စုဆောင်းမှုတွင်ပါဝင်ခဲ့ပြီး ဆေး ကျသဖြင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရကြောင်း၊ ယခုအခါတွင်မူ တတိ ယ အကြိမ် စစ်သားအဖြစ် စုဆောင်းခံရပြီး ကျိုင်းတုံမြို့နယ်၊ အမှတ် ၁၁ တန်းမြင့် လေ့ကျင့်ရေးတပ်သို့ပို့ဆောင်ခံရကြောင်း သိရှိရသည်။

အကြိမ်ကြိမ် ပေါ်တာဆွဲခံရသော ရောဂါသည် မောင်ရန်နိုင်ဖြိုးမှာ စစ်မှုထမ်းရန် မသင့်တော်ကြောင်း ဆေးကျသည့် လက်မှတ်များ ရရှိထားသော်လည်း တတိယအကြိမ် ထပ်မံ၍ ပေါ်တာဆွဲ စစ်သားစုဆောင်းခံရသဖြင့် မိဘများမှာ အထူးစိတ်ပူနေကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article