30 C
Yangon

မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှတို့နှင့်အတူ သားသမီးမြေးတချို့ပါ ရုရှားသို့ အလည်ခရီးအဖြစ် လိုက်ပါသွား

Must read

ရန်ကုန်၊ မေ ၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှ တို့နှင့်အတူ သားသမီး မြေးတချို့ပါ ရုရှားနိုင်ငံသို့ အလည်ခရီးအဖြစ် လိုက်ပါသွားပြီး ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။

မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ မိန်းမဖြစ်သူ ကြူကြူလှ တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံသို့ ယနေ့ နံနက်ပိုင်း ထွက်ခွာသွားခြင်းဖြစ်ပြီး မင်းအောင်လှိုင်၊ ကြူကြူလှတို့နှင့်အတူ သားသမီး မြေးတချို့ပါ လိုက်ပါသွားကြောင်း သိရှိရသည်။

“သူ့( မင်းအောင်လှိုင်) မြေးလေးတွေနဲ့ သားသမီးတွေ ပါသွားတယ်။ အလည်ခေါ်သွားတာ” ဟု နေပြည်တော်စစ်ရုံးနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းအောင်လှိုင်၊ မိန်းမကြူကြူလှ အပါအဝင် မိသားစုဝင်များ လိုက်ပါသွားသော လေယာဉ်မှာ MAI A-319 XY-ALK လေယာဉ်ဖြစ်ပြီး ယင်းလေယာဉ်မှာ ပြည်ပ ငှားရမ်းထားရာမှ ယခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးအပြတ် ဝယ်ယူလိုက်ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်သည် နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာရာတွင် လမ်းခရီးတွင် ခရီးတစ်ထောက်အဖြစ် တရုတ်နိုင်ငံတွင် ခေတ္တဆင်းသက်ရပ်နား၍ လေယာဉ်ဆီဖြည့်မည်ဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်မိသားစုနှင့်အတူ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ကောင်စီဝင်တချို့ ကာကွယ်ရေး ဝန်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကျော်စွာလင်း တို့လိုက်ပါသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article