30 C
Yangon

ကျောက်ထုမြို့သို့ ဆောက်လုပ်ရေး ပစ္စည်းသွားဝယ်သည့် သံဃာတော်တစ်ပါးနှင့် ပြည်သူတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် သံဃာတော် ပျံလွန်တော်မူ၊ ပြည်သူမှာမူ ဆေးဝါးကုသမှု ခံယူနေရ

Must read

ရန်ကုန်၊ မေ ၇

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ထဲကို ဆောက်လုပ်ရေးပစ္စည်းသွားဝယ်သည့် ဦးဇင်းတစ် ပါးနှင့် ဒကာတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် သံဃာတော်မှာ ပျံလွန် တော်မူသွားပြီး အသက် ၃၈ နှစ်အရွယ် ဒကာဖြစ်သူ ဆန်းမင်းဦးမှာ ဆေးဝါးကုသမှုခံယူနေရကြောင်း ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃ ရက်နေ့ ဆောမြိုနယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာဘုန်းကြီးကျောင်းမှ သက်တော် ၄၀ နှစ် အရွယ် သံဃာတော် နှင့် ဒကာ ကိုဆန်းမင်းဦးတို့သည် ဆောက်လုပ်ရေးပစ္စည်းဝယ်ရန် ဆိုင်ကယ်ဖြင့် ကျောက်ထုမြို့ပေါ်သို့ သွား ရောက်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများ ရောင်း ဝယ်သည့် ဆိုင်သို့ ရောက်ရှိပြီး ပစ္စည်းများ ဝယ်ယူနေစဉ် အရက်သေစာသောက်စားထားသည့် စစ် သားများက လာ ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ကျောက်ထုမြို့အမြောက်တပ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ဦးဇင်း (လူအ မည် သန်းမင်း)နှင့် ဒကာကိုဆန်းမင်းဦးတို့ကို တစ်နေကုန်ရိုက်နှက်နှိပ်စက်ခဲ့ရာ ဦးဇင်းမှာ နောက် ကျော ထိုး သွင်းဒဏ်ရာ ၃ ချက်၊ ခြေထောက်တစ်ဖက်ကျိုးဒဏ်ရာ၊ ကျောပြင်တစ်ခုလုံးညိုမဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ ရရှိကြောင်း၊ ဒကာ ကိုဆန်းမင်းဦးမှာမူ ပေါင်ထိုးသွင်းဒဏ် ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ကျောက်ပြင်ညိုမဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်တပ်က တစ်နေကုန်ညှင်းပန်းနှိပ်စက်ပြီးနောက် ပြန်လွှတ်ပေးလိုက်ရာ တပြင်းကျေးရွာသို့ ပြန်လည်ရောက်ပြီး မေလ ၄ ရက် ညနေပိုင်းတွင် နှိပ်စက်ဒဏ်ရာများဖြင့် သံဃာတော်မှာ ပျံလွန်တော်မူသွားကြောင်း၊ ဒကာ ဆန်းမင်းဦးမှာလည်း ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။

“ဦးဇင်းနဲ့ ဒကာတို့က ကျောက်ထုမြို့ထဲကို ဆောက်လုပ်ရေးသုံပစ္စည်းလိုအပ်တာလေး သွား၀ယ်ရင်း အဖမ်းခံရတာပါ၊ အမြောက်တပ်ထဲခေါ်သွားပြီး စိတ်ကြိုက် နှိပ်စက်တယ်၊ ညနေမိုးစချုပ်မှ ပြန်လွှတ် လိုက်တာပါ၊ ဖမ်းခေါ်သွားတဲ့အချိန်က နေ့လယ်ပိုင်းလောက်ကနေ ဖမ်းခေါ်သွားတာ၊ တစ်နေ့လယ်လုံး နှိပ်စက်ပြီးမှ ပြန်လွှတ်လိုက်တာပါ။” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်သားများ၏ ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် ပျံလွန်တော်မူသွားသော သံဃာတော် (လူအမည် သန်းမင်း) သည် လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၍ သာသနာဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ထုမြို့တွင် စစ်တပ်က ယူနီဖောင်းဖြင့်လည်းကောင်း၊ အရပ် ဝတ်များဖြင့်လည်းကောင်း ပုံမှန်လှည့်လည်ကာ ပြည်သူများကို စောင့်ကြည့်၍ ဖမ်းဆီးလျက်ရှိပြီး ပြည်သူများအနေဖြင့် ကျောက်ထုမြို့ထဲသို့ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုကြပါရန် ယောအ လင်းတန်းက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article