ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ရှောက်ပင်ခြံရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ ပြည်သူပိုင်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း Kawlin info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မေလ ၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနှင့် ဗုံး ၂ လုံးကျဲချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဘာ စစ်ရေး လှုပ်ရှားမှုမှ မရှိပါဘူး။ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာပါ”ဟု Kawlin Info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဗုံးကျဲတိုက်ခိုက်ခံရ၍ ရှောက်ပင်ခြုံရွာနေ ဦးမောင်ဝေ၏ နေအိမ်ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာ လျှပ်စစ်မီးတိုင်များ လည်း ပျက်စီး ရှိခဲ့ကြောင်း ၊ ပြည်သူများ တိမ်းရှောင် နိုင်ခဲ့၍ လူထိခိုက်မှု မရှိခဲ့ကြောင်း Kawlin Info ထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





