ရန်ကုန်၊ မေ ၇
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ ခမရ ၅၈၄ တပ်ရင်းမှ အရာခံဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၉ ရက်နေ့တွင် ကော့သောင်းမြို့နယ် ၊ မလိဝမ်းကျေးရွာ၊ သက်ကယ်ကျင်းနေရာသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ရာ ခမောက်ကြီးမြို့အခြေစိုက် ခမရ ၅၈၄ တပ်ရင်းမှ အရာခံဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက နှစ်ကြိမ်ဖြစ်တာပါ။ မိုင်းဆွဲပြီး ၄၀ မမနဲ့ စပစ်တယ်။ ၄၀ မမ ထိမှန်ပြီး အရာခံဗိုလ် ပွဲချင်း ပြီးသေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲက ၁ နာရီ လောက်ကြာခဲ့ပါတယ်။ ဒဏ်ရာရတဲ့ စစ်သား ၂ ဦးက ကော့သောင်းမြို့ ၆ မိုင်းစစ်ဆေးရုံမှာ ထပ်သေ တာပါ။” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
