ရန်ကုန်၊ မေ ၇
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အောင်ဇေယျစစ်ကြောင်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း အပတ်စဉ် ၅ မှ တပ်သားသစ် ၃ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး PDF ထံ အလင်းဝင်ရောက်လာကြောင်း People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၃၀ ရက်နေ့တွင် အောင်ဇေယျစစ်ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး ဗျူဟာ ၃၁ ထံ သို့ အလင်ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် သေနတ် ၁ လက် ၊ ကျည် ၃၉၀ ၊ ကျည်ဘောက် ၆ ခု တို့ကိုယူဆောင်လာပြီး အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ လက်နက် ယူဆောင်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို ငွေကျပ်သိန်း ၃၀ ပေးအပ်ခဲ့ပြီး ကျန်ရဲဘော် ၂ ဦးကို ငွေကျပ် ၅ သိန်းစီ ဗျူဟာ ၃၁ မှ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူ ၃ ဦးက စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ ကပါ။ စစ်မှုထမ်း တပ်သားသစ် ၃ ဦးကတော့ မြို့နယ်တွေကတော့ နွားထိုးကြီး ၊ အမရပူရ နဲ့ ရန်ကုန်ကလို့ သိရတယ်။ နွားထိုး ကြီးက ကောင်လေးက အလုပ်သွားရှာရင်း အလုပ်ပေးမယ်ဆိုပြီး တပ်ထဲထည့်လိုက်တာပါ။ ရန်ကုန်က ကောင်လေးက အလုပ်က အပြန်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတာ အမရပူရက ကောင်လေးက မဲပေါက်တယ်ဆိုပြီး လိမ်ခေါ်ခံထိပြီး တပ်ထဲထည့်ခံထိတာပါ။ ချိတ်ဆက် ဝင်လာတာကတော့ သူတို့ ပြောပုံအရတော့ လူသစ်လူဟောင်း ခွဲခြားဆက်ဆံပြီး သူတို့ စစ်မှုထမ်းတွေကို အသေခံ တိုက်ခိုင်းပြီး တိုက်ပွဲငြိမ်တဲ့အချိန်ဆို ရိက္ခာနဲ့ ကျည်တွေ သယ်ယူရာမှာလည်း သူတို့တွေကို ပဲခိုင်းကြတယ်။ နဂိုကလည်း လုပ်ချင်လို့လုပ်ခဲ့ကြတာ မဟုတ်တော့အခါ ခွင့်သင့်တော့ ထွက်ပြေးလာရင်း ကျနော်တို့တပ်ဖွဲ့ဆီ ရောက်လာတာပါ။ နောက်လူတွေလည်း ဝင်လာကြပါ။ ကျနော်တို့တော်လှန်ရေးအဖွဲ့တွေက နွေထွေးစွာကြိုဆိုနေပါတယ်”ဟု People Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




