ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မောင်းကျောက် တောကျေးရွာနှင့် ရွာစဉ်ကျေးရွာတို့ကို စစ်ကောင်စီ တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ခင်ဦးမြို့နယ်၊ မောင်းကျောက်တော ကျေးရွာရှိ စာ သင်ကျောင်းကို ဦးတည်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း၊ တစ် ပြိုင်နက်တည်း ခင်ဦးမြို့နယ် ၊ ရွာစဉ်ကျေးရွာအတွင်းနှင့် ရွာအပြင်ဘက်နေရာမျာကို ရွှေဘိုမြို့နယ်အခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“မနက် ၁၁ နာရီ ၂၀ မိနစ်မှာ ခင်ဦးမြို့နယ်၊ မောင်းကျောက်တောကျေးရွာစာသင်ကျောင်းကို ဂျက်ဖိုက် တာနဲ့လေကြာင်းက ဗုံးသီးကျဲသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ခင်ဦးမြို့နယ်၊ ရွာစဉ်ရွာကို ရွှေဘို လေ့ကျင့်ရေးတပ်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ရွာတွင်း၊ ရွာပြင်တွေကို လက်နက်ကြီး ဖြစ်တာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်တသင်းဌာနထံသို့ ပြောကြားသည်။
စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသေဆုံးသော ပြည်သူများ၏ အခြေအနေနှင့် ပျက်စီးဆုံးမှု အခြေအနေများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ယာယီ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း လက်တွေ့တွင်မူ နိုင်ငံတစ်ဝန်းတွင် ထိုးစစ်ဆင်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ် များက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






