35 C
Yangon

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်ခံရသည့် အသက် ၂၃ နှစ်အရွယ် မောင်ကျော်ကိုကိုခန့် ကြိုးဆွဲချ အဆုံးစီရင်

Must read

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်ခံရသည့် အသက် ၂၃ နှစ်အရွယ် မောင်ကျော်ကိုကိုခန့် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ပဒုမ္မာလမ်း၊ အမှတ် ၄၂၄/ခ တွင်နေထိုင်သည့် မောင်ကျော်ကိုကိုခန့်ကို မေလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရကြောင်း၊ ထို့ကြောင့် မေလ ၆ ရက်နေ့ နံနက်ပိုင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချသတ်သေသွားကြောင်း သိရှိရသည်။

” အမှတ် ၈ ရပ်ကွက်အုပ်ကြီး လှသိန်း၊ ရာအိမ်မှူး ဝင်းမြင့်၊ စစ်မှုထမ်းဆင့်ခေါ်ရေး ခေါင်းဆောင် ဇော်လတ်နှင့် အပေါင်း အပါတွေက မေလ ၅ ရက်နေ့ ညနေပိုင်းမှာ ကိုကျော်ကိုကိုခန့်ကို လာခေါ်တယ်။ မနက်ကျတော့ ကြိုး ဆွဲချသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသူ ကိုကျော်ကိုကိုခန့် ၏ နာရေးကို မေလ ၇ ရက်နေ့ ညနေ ၃ နာရီအချိန် ရေဝေးသုဿာန်တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article