ရန်ကုန်၊ မေ ၈
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး ဒေသပြည်သူ ၃၀၀ ကျော် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်ရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။
ယမန်နေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ပိုင်ကျုံမြို့တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များက ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ စစ်တပ်စခန်းကို ပိတ်ဆို့ တိုက်ခိုက်နေကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူ ၃၂၇ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာနေကြောင်း သိရှိရသည်။
လတ်တလော ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ စစ်ကောင်စီတပ်များကို KNLA ဦးဆောင်သော တော် လှန်ရေး တပ်များက တိုက်ခိုက်နေသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကို အထူးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
“အခုက KNU တပ်မဟာတွေ အားလုံးမှာ တိုက်ပွဲတွေ ဖော်ဆောင်နေပြီ။ တစ်လျှောက်လုံး ငြိမ်နေခဲ့တဲ့ KNU တပ်မဟာ ၇ မှာ စစ်တပ်စခန်းသိမ်းပွဲတွေ တောက်လျှောက်ပါပဲ။ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် တစ်လျှောက်မှာတော့ စစ်ခွေးစခန်းက အတော်ကို နည်းသွားပြီ။ တချို့ အတွင်းပိုင်းကျတဲ့ စခန်းတချို့တော့ ရှိသေးတယ်” ဟု တောင်ပိုင်းတိုင်း စစ်ဒေသမှ PDF တော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


