35 C
Yangon

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများထိခိုက် သေဆုံး မှုရှိပြီးနေအိမ်များလည်း ပျက်စီး

Must read

ရန်ကုန်၊ မေ ၈

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၇ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်က မင်းတပ်မြို့အနီးဝန်းကျင်ကို အကြမ်းဖက် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင်လည်း မင်းတပ်မြို့ကို ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိကာ အစိုးရ အဆောက် အအုံနှင့် ဝန်ထမ်းအိမ်ရာများ၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မင်းတပ်မှာ လေယာဉ်က အချိန်တိုင်းဝဲတယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ မထင်ရင် မထင်သလို ပစ်ခတ်မှုရှိတယ်။ မနေ့က ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားပါတယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေက မင်းတပ်မှာ ဖြတ်ထားဆဲပါပဲ။ စတားလင့်ပဲ အဓိက သုံးပြီး ဆက်သွယ်ရတယ်” ဟု မင်းတပ်ဒေသ ပြည်သူများနှင့် အချိတ်အဆက်ရှိနေသည့် သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article