37 C
Yangon

နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာဦးဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲမှု စေတီပြိုကျပြီး ဘုန်းကြီး ကျောင်းတစ်ခုလုံး ပျက်စီး၊ လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ မေ ၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန် နေ့ညပိုင်း ဗုံးကျဲချခဲ့ရာ စေတီပြိုကျပြီး ဘုန်းကြီးကျောင်းတစ်ခုလုံး ပျက်စီးသွားကာ လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၈ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီ၏ လေယာဉ်များက နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ်သို့ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ယင်းနောက် ကျေးရွာအရှေ့ဘက်ရှိ စိုက် ပျိုးရေးခြံအတွင်းသို့လည်း လေယာဉ်ဖြင့် ဗုံး ၁ လုံး ထပ်မံကျဲချသွားကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း ကျေးရွာဘုန်းကြီးကျောင်းရှိ စေတီပြိုကျ ပျက်စီးပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

“မနေ့ည သန်းခေါင်ယံအချိန် နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲချပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ ကျဲတာက ဗုံး ၂ လုံးကျဲတာ။ ဗုံး ၁ လုံးက ရွာဦးကျောင်းပေါ် ကျတယ်။ နောက်ဗုံး ၁ လုံးကတော့ ရွာအရှေ့ဘက် ငှက်ပျောခြံပေါ်ကျတယ်။ လူထိခိုက်မှုတော့မရှိဘူး။ စေတီကတော့ ပြိုသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၂၉ ရက်နေ့ကလည်း စစ်လေယာဉ်များဖြင့်ပင် နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာကို ဗုံးကျဲချသွားခဲ့ကြောင်း၊ ပထမအကြိမ် ဗုံးကျဲမှုတွင်မူ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article