37 C
Yangon

ပြည်သူကို ဆက်ကြေးကောက် ငွေညှစ်နေသော မြောင်မြို့မ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ပစ်ခတ်မှု စစ်ဗိုလ် အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ပြည်သူများကို ဆက်ကြေးကောက် ငွေညှစ်နေသော မြောင်မြို့မ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ပစ်ခတ်မှု စစ်ဗိုလ် အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိကြောင်း CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ ရဲဘော်စမာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ ပြည်သူများထံမှ ဆက်ကြေးကောက်ငွေညစ်နေသော မြောင်မြို့မရဲစခန်းမှ စစ်သား ၆ ဦးကို CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦးနေရာတွင်ပင် လဲကျသေဆုံးကြောင်း၊ ကျည်ထိမှန်သွားသော စစ်ဗိုလ် ၁ ဦးမှာလည်း စစ်စခန်းသို့ မရောက်ခင် ဒဏ်ရာဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း၊ ကျန်စစ်သား ၂ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။

“စစ်သားတွေကို လိုက်လံပစ်ခတ်ရာမှာ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပါတယ်။ စခ ၃ ကောင်နေရာမှာပဲ လဲကျသသေဆုံးပါတယ်။ ကျည်ထိတဲ့ စစ်ဗိုလ်တော့ စခန်းနားမရောက်ခင် ဒဏ်ရာနဲ့ ထပ်မံသေဆုံးပါတယ်။ ကျန်တဲ့ စစ်သား ၂ ဦးလည်း ဒဏ်ရာအပြင်းအထန်ရပါတယ်။ ကျနော်တို့ တော်လှန်ရေးရဲဘော် ၁ ဦး လက်မောင်း ကျည်ထိမှန်ဒဏ်ရာ ရပါတယ်။ မစိုးရိမ်ရပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA စီးရီ သေနတ် ၃ လက် သိမ်းဆည်းရရှိပါတယ်” ဟု CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ ရဲဘော်စမာက ရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုကို CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်း၊ MRF စားဖို (စစ်ကြောင်း)၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ နယ်မြေခံ ပကဖ နှင့် ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article