33 C
Yangon

စစ်ကောင်စီ၏ ထောင်တွင်းပိတ်ဆို့မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မရတော့ဘဲ နိုင်ငံရေးအကျဉ်းသူ ကိုယ် ဝန်ဆောင် မနွယ်နီဝင်း သေဆုံး

Must read

ရန်ကုန်| မေ ၉

စစ်ကောင်စီက အကျဉ်းထောင်များကို ပိတ်ဆို့ထားပြီး မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တ လေး အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအမှုဖြင့် တရားရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတစ်ဦး မေလ ၆ ရက်နေ့ ကိုယ် ဝန်ဖြင့် အသက်သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ကိုသိုက်ထွန်းဦးက ထုတ်ဖော်ပြောဆိုသည်။

ကိုယ်ဝန် ၅ လလွယ်ထားရသော အသက် ၄၁ နှစ်အရွယ်ရှိ မနွယ်နီဝင်းမှာ စစ်ကောင်စီ၏ ၅၀၅ (က) ဖြင့် တရား စွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေချိန် မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အကျဉ်းချခံခဲ့ရကြောင်း၊ ငလျင် ကြောင့် ဝမ်းတွင်းရှိ ကလေးငယ်မှာ နှလုံးမခုန်သည့် ထိခိုက်ဒဏ်ရာကြောင့် မနွယ်နီဝင်းမှာ ထောင်ပြင်ပ၌ ဆေးကုသရန် တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်းနှင့် ဧပြီလ ၁၄ ရက်နေ့တွင်မှ ထောင်ပြင်ပ၌ ဆေးကုသခွင့် ရရှိခဲ့ကြောင်း၊ သို့ရာတွင် ဆေးကုသမှု အချိန်မီ မရရှိဘဲ ကလေးရော မိခင်ပါ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“မတ်လ ၂၈ ရက်နေ့မှာ ရရှိခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းရှိ ကလေးငယ်မှာ နှလုံးမခုန်တော့ဘူး။ ဧပြီလ ၁၄ ရက်နေ့မှ ထောင် ပြင်ပမှာ ဆေးရုံသို့ ထွက်ခွင့်ရတယ်။ ဆရာဝန်တွေက သေဆုံးသွားတဲ့ သန္ဓေသားငယ်ကို ထုတ် ယူပေးခဲ့တယ်။ ဒါပေမယ့် ဝမ်းဗိုက်သားအိမ်အတွင်း ပိုးဝင်ထားတဲ့အတွက် မိခင်ဖြစ်သူပါ အသက်ပေးခဲ့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

မနွယ်နီဝင်းမှာ သန္ဓေသား အား ထုတ်ယူပြီးနောက် ဝမ်းဗိုက်သားအိမ်အတွင်း ပိုးဝင်သွား၍ ထပ်မံပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ မေလ ၆ ရက်နေ့က ပို့ဆောင်ကုသခဲ့သော်လည်း ယင်းနေ့တွင်ပင် သေဆုံးခဲ့ရသည်။

မနွယ်နီဝင်းမှာ ၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းချိန် ကန့်ကွက်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကျောက်မဲမြို့မှ မန္တလေးမြို့သို့ သွားရောက်ချိန် လမ်းခရီး၌ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှ စစ်ဆေးရာတွင် ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ဓါတ်ပုံများအားတွေ့ရှိခဲ့၍ မနွယ်နီဝင်းအား စစ်ကောင်စီက ဖမ်းဆီးသွားသည်။

မနွယ်နီဝင်းမှာ စစ်ကောင်စီထံ ဖမ်းဆီးခံရချိန် ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ငလျင်ကြောင့် ဝမ်းတွင်းရှိ ကလေးငယ် ထိခိုက်သွားခြင်းအပေါ် ဆေးကုသခွင့် မရရှိခဲ့သည့်အတွက် ကလေးငယ်နှင့် မိခင်ပါ သေဆုံးရခြင်းဖြစ်သည်။

မနွယ်နီဝင်း သေဆုံးသွားသည့် ဖြစ်စဉ်အပေါ် မိသားစုဝင်များမှာ ယနေ့အချိန်အထိ မသိရသေးကြောင်းနှင့် ဗုဒ္ဓဘာသာ ဓလေ့ ထုံးစံအရ ရက်လည်ဆွမ်းကျွေးမှုကိုလည်း မပြုလုပ်ရသေးကြောင်း PPNM က ပြောသည်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၁၄၀ ကျော်အထိရှိခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးရသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူအနည်းဆုံး ၄ ဦးရှိကြောင်းလည်း PPNM က ဆိုသည်။

ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကြောင့် သေဆုံးခဲ့ရသူအချို့သည် ငလျင်ကြောင့် မဟုတ်ဘဲ ထောင်အာ ဏာပိုင်များ၏ စီမံခန့်ခွဲမှုအားနည်းခြင်း အပါအဝင် ထောင်တွင်းဆေးဝါး ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article