33 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေပြီး လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မေ ၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်နေပြီး လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ဘိုကုန်းရွာ ၊ကျောက်တံတားရွာနှင့် ရှမ်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေစဉ် နံနက် ၆ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဘိုကုန်းရွာ အနီးတစ်ဝိုက်ကို Y-12 လေယာဉ်ဖြင့် ဗုံးသီး ၁၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၆ နာရီ ၂၆ မိနစ်ခန့်တွင်လည်း ကျောက်တံတားရွာ အနီး တစ်ဝိုက်ကိုလည်း Y-12 လေယာဉ်ဖြင့် ဗုံးသီး ၈ လုံး ကျဲချခဲ့ပြီး ၇၀ကုန်း အနီးတစ်ဝိုက်ကိုလည်း နံနက် ၆ နာရီ ၃၅ မိနစ်ခန့်တွင် Y-12 လေယာဉ်ဖြင့် ဗုံးသီး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် ယင်းနေ့ နံနက် ၇ နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက် နေရာများကို Jet Fighter ၁ စီးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်သွားကြောင်း၊ အလားတူ နံနက် ၁၁ နာရီ ၁၇ မိနစ်ခန့်တွင်လည်း မတ္တရာမြို့နယ် အရှေ့အခြမ်းရှိ တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်များကို ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၅ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်တွေပဲ ကျဲတာဆိုတော့ ပြောရရင် ပြည်သူတွေတော့ ထိခိုက်မယ် မထင်ဘူး။ စစ်ခွေးတွေဘက်က တော့ တော်တော်အထိနာတယ် ကြားတယ်။ ဘယ်လောက်ထိ ထိခိုက်မှုရှိတယ်ဆိုတော့ အတိအကျ မသိရသေးဘူး” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိ မြေပြင် ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်သည် အထိနာနေသောကြောင့် လေကြောင်း တိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လာနိုင်သည့် အတွက် ပြည်သူများ အနေဖြင့် သတိပြုနေထိုင်ကြရန် Voice Of Mandalay က အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article