31 C
Yangon

Breaking News – ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးနိုင်ဟုဆို

Must read

ရန်ကုန်၊ မေ ၁၂

ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာ​ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်သေဆုံးကြောင်း သိရှိရသည်။

“စာသင်ကျောင်းပေါ် တည့်တည့်ကျဲသွားတာ။ ဆရာမ ၂ ဦးကတော့ ပွဲချင်းပြီးပဲ။ ၅၀ လောက် ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အလောင်းရှာမရတဲ့ ကလေးတွေလည်းရှိတယ်။ ကလေးတွေက မျက်လုံးကျွတ်ထွက်သူထွက်။ တချို့က ခေါင်းကို ထိခိုက်တယ်။ အခု ကားတွေနဲ့ သယ်ထုတ်နေတယ်။ အခြေအနေက ဆိုးပါတယ်” ဟု ဒီပဲယင်းမြို့နယ်မှ ကယ်ဆယ်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article