24.8 C
Yangon

မူးမြို့တွင် ခမရ-၄၃၉ တပ်ရင်းသို့ ပို့ဆောင်ခံရသော ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ မေ ၁၂

ပဲခူးတိုင်း၊ မူးမြို့တွင် ခမရ-၄၃၉ တပ်ရင်းသို့ ပို့ဆောင်ခံရသော ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၅ ရက်နေ့တွင် မူးမြို့အတွင်းရှိ ခမရ-၄၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုသက်အောင် (ခ) ကိုသက်သည် MA-11 သေနတ် ၁ လက်၊ ကျည် ၃ ဘောက် ၊ ကျည်အတောင့် ၁၀၀ တို့နှင့် အတူ ပြဒါးစခန်းမှ ထွက်ပြေး လွတ်မြောက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော ကိုသက်အောင်သည် ယခင်က (YBS) ကားမောင်း သမားတစ်ဦး ဖြစ်ပြီး ၎င်း၏ ဆန္ဒမပါဘဲ စစ်မှုထမ်းရန် မတရားဖမ်းဆီး စေခိုင်းခံရသူလည်းဖြစ်ပြီး ကိုအောင်သက်ကို မြို့နယ်နှင့် (KNLA) တပ်ရင်း (၈) မှ ဆုတော်ငွေ ၁၀ သိန်းကျပ် တိတိ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးကာ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော စစ်ကောင်စီ တပ်သားများ အနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်းဝင်ရန် ဖိတ်ခေါ်ကြောင်း KNU ဗဟိုက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article