29.8 C
Yangon

ကြို့ပင်ကောက်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ဆိုင်ကယ်စီးလာစဉ် တော် လှန်ရေးအဖွဲ့က ပစ်ခတ်၊ နီးစပ်ရာ နေအိမ်အတွင်းသို့ ဝင်ပြေးသော်လည်း နယ်ထိန်းရဲ မာန်ဟိန်း မလွတ်ဘဲ သေ

Must read

ရန်ကုန်၊ မေ ၁၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပဲခူးတိုင်း၊ ၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းအုပ်စု၊ အလယ်ကုန်းကျေး ရွာ နယ်မြေရဲစခန်းမှ နယ်ထိန်း မာန်ဟိန်းသည် ကြို့ပင်ကောက်မြို့ဘက်သို အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာစဥ် အလယ်ကုန်းကျေးရွာ အနောက်ဘက် လမ်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ နယ်ထိန်းရဲ မာန်ဟိန်းသည် ပစ်ခတ်ခံရသောအခါ အနီးအနားရှိ နေအိမ်ထဲသို့ ဝင်ပြေးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များက နယ်ထိန်းရဲ မာန်ဟိန်း ပြေးဝင်သည့် နေအိမ်အထဲထိ ဝင်ရောက်ကာ ဦးခေါင်းကို သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော နယ်ထိန်းရဲ မာန်ဟိန်းထံမှ G3 ကျည် ၂၀ တောင့်၊ စကားပြောစက် ၁လုံး၊ ဆိုင်ကယ် ၁စီးနှင့် ငွေသား ၆၀၀ ကျပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ နယ်ထိန်းရဲ မာန်ဟိန်း သည် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ရပ်မပေးဟုဆိုကာ အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးရဲဘော်များ၏ အချက်အလက်မျာကို စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက် ငွေတောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်တပ်နှင့် ဒေါက်တိုင်များအနီးသို့ သွား လာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်၊ စစ်တပ်ဒေါက်တိုင်များကို အရှိန်မြှင့်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုက သတိပေးချက် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article