29.8 C
Yangon

အင်းတော်နှင့် ညောင်ရွှေ ရှိ ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ဟဲန္နရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Indaw Revolution-IR အဖွဲ့က ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အင်းတော်မြို့နယ်၊ ဟဲန္နရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၃ လုံး ကျဲချပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များ ထိမှန်ပြီး ပြည်သူ အမျိုးသား ၂ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် အဆောက်အဦးများလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ တောင်ပို့ကွဲရွာနှင့် ဟိုပန်နောက်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၅၉ မိနစ်ခန့်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ၊ တောင်ပို့ကွဲ‌ကျေးရွာကို ဖယ်ခုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း တောင်ပို့ကွဲကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့ရပြီး တောင်ပို့ကွဲရွာပြင်၌ ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟိုပန်နောက်ရွာကိုလည်း လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article