29.8 C
Yangon

စစ်ကိုင်းတွင် စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်သဖြင့် ကလေးများ သေဆုံးမှုအပေါ် ကုလအတွင်းရေးမှူးချုပ်က စိုးရိမ်ပြီး အကြမ်းဖက်မှုကို ရှုတ်ချ

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်းတွင် စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ကလေးများ သေဆုံးမှုအပေါ် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီဂူတာရက်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကုလသမဂ္ဂက တရားဝင် သတင်းထုတ်ပြန်သည်။

မေလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ပြီး ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦး နှင့် ဆရာမ ၂ ဦး စုစုပေါင်း လူ ၂၄ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

“ငလျင်လှုပ်ခတ်မှု ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက စာသင်ကျောင်းတခုကို မြန်မာစစ်တပ်က လေကြောင်း တိုက် ခိုက်မှုအပေါ် အထွေထွေ အတွင်းရေးမှူးချုပ်က စိုးရိမ်မိကြောင်းနဲ့ အခုလို လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မြေငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေဖို့ မြန်မာစစ်တပ်က အပစ်အခတ်ရပ်စဲရေးကို မေလ ၃၁ ရက်အထိ သက်တမ်း တိုးတယ်လို့ ကြေညာထားပေမယ့်လည်း ဒီဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်နေချိန်မှာ စာသင် ကျောင်းတွေကို အကာအကွယ် ပေးရမှာဖြစ်ပြီး ဗုံးမကျဲဘဲ ကလေးများကို စာသင်ဖို့ စာသင် ကျောင်းတွေက လုံခြုံမှုရှိရပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချပြီး အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေအရ အရပ်သားတွေကို ကာကွယ်ရေးက အဓိကစံတန်ဖိုးဖြစ်တယ်ဆိုတာကို ထပ်မံအတည်ပြုပါတယ်” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarricက မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် ဆရာမများ သေဆုံးခဲ့မှုအပေါ် သက် သေအထောက်အထား ဓာတ်ပုံများနှင့်တကွ ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်ထံသို့ တင်ပြလိုက်ပြီး ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးများတွင်လည်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article