24.9 C
Yangon

သဘာ၀ဘေးအန္တရာယ်ကြုံလာပါက ပြည်သူများကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝယ်ယူခဲ့သော နိုင်ငံပိုင် ရဟတ်ယာဉ်ကို စစ်တပ်က လွှဲပြောင်းရယူ

Must read

ရန်ကုန်၊ မေ ၁၅

သဘာ၀ဘေးအန္တရာယ်ကြုံလာပါက ပြည်သူများကို ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် လုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝယ်ယူခဲ့သော နိုင်ငံပိုင် ရဟတ်ယာဉ်ကို စစ်တပ်က လွှဲပြောင်းရယူထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနလက်အောက်တွင် ရဟတ်ယာဉ် မရှိတော့ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်း မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော နိုင်ငံတော်ပိုင် AW-139 အမျိုးစား ရဟတ် ယာဉ် XY-AFT ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က စစ်တပ်လက် အောက်သို့ ပိုင်ဆိုင်မှုများ လွှဲ ပြောင်းရယူထားကြောင်း၊ ယင်းရဟတ်ယာဉ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနပိုင်မဟုတ်တော့ဘဲ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် အပြည့်အ၀ရှိနေကြောင်း၊ လတ်တလော ရံဖန်ရံခါ ပျံသန်းခြင်းမှအပ အချိန်အများစု ရပ်နားထားကြောင်း သိရှိရသည်။

“ပိုင်ဆိုင်မှုကတော့ လူ/ကယ်ပြန် ဝန်ကြီးဌာနအောက်မှာတော့ မဟုတ်တော့ဘူး။ ပို့/ဆက်နဲ့ တပ်မတော်(လေ) အောက် မှာ ရောက်သွားတယ်။ ရဟတ်ယာဉ် အသုံးပြုမှုအတွက် အဓိက ဆုံးဖြတ်မှုကတော့ တပ်မတော်(လေ)နဲ့ စစ်ရုံးကပဲ။ အရပ်ဘက်သုံး ရဟတ်ယာဉ်အဖြစ်တော့ ဆက်ရှိနေသေးတယ်။ ပြုပြင်ထိန်း သိမ်းရေးနဲ့ ရံဖန်ရံခါ ပျံသန်းတာကလွဲရင် အချိန်အများစုက ရပ်နားထားတယ်လို့ပဲ သိရပါတယ်”ဟု နေပြည်တော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ရဟတ်ယာဉ် အသုံးပြုခွင့်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကလည်း စီမံခန့်ခွဲခွင့် ရရှိထားသော်လည်း မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင် အရေးပေါ် ကယ် ဆယ်ရေးတွင်လည်း ရဟတ်ယာဉ်ကို အသုံးပြုခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် အဆိုပါရဟတ် ယာဉ် ဝယ်ယူရေး စာချုပ် ချုပ်ဆိုဝယ်ယူခဲ့ကြောင်း၊ အဆိုပါ ရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူး ၂ ဦးနှင့် ခရီးသည် ၁၄ ဦး စုစုပေါင်း ၁၆ ဦး လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင် နှင့်ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ ရဟတ်ယာဉ် ဝယ်ယူခဲ့မှုအတွက် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။

ပြည်သူလူထု ကယ်ဆယ်ရေးအတွက် အသုံးပြုရန် ရဟတ်ယာဉ် ဝယ်ယူမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ၎င်းနှင့်မိသားစုဝင်များ ပြည်ပခရီးစဉ်များတွင် စီးနင်းရန် MAI အမည်ခံပေးထားသော Airbus A-319 XY-ALK လေယာဉ်ကို အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားရာမှ အပြီးအပြတ် ဝယ်ယူခဲ့သည်။

မင်းအောင်လှိုင်က ၎င်းနှင့်မိသားစုဝင်များ ပြည်ပခရီးစဉ်အတွက် စီးနင်းရန် ဝယ်ယူထားသော MAI အမည်ခံပေးထားသည့် Airbus A-319 XY-ALK လေယာဉ်ဖြင့် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့သို့ မကြာခဏ သွားရောက်လျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article