27.1 C
Yangon

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၂ ဦးထက် မနည်း သေဆုံး

Must read

ရန်ကုန်| မေ ၁၄

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ မေ ၁၄ ရက်နေ့ ၄ နာရီအချိန်ခန့် စစ်ကောင်စီ လေကြောင်းကနေ ကျောက်တော်မြို့ ရွာမရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးဖြင့် လာရောက် ကြဲချခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နေရာမှာတင် သေဆုံးတာ မိန်းကလေးငယ်တစ်ယောက်ရယ်။ နောက်ထပ် ဒဏ်ရာရပြီး ဆေးရုံပို့တဲ့ အချိန်မှာ တစ်ယောက်ဆုံးသွားပါတယ်။ နောက်ထပ် သုံးယောက် ဒဏ်ရာ ရပါတယ်။ ဗုံးကျဲတာ လေးနာရီလောက်မှာလို့ ခန့်မှန်းရပါတယ်။ ပထမကလေးငယ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစ်စစီ ကောက်ရပါတယ်။ ပေါင် ၅၀၀ ဗုံးလို့ ထင်ရပါတယ်။ ဘေးနားက နေအိမ်တွေ တော်တော်များများ ပျက်စီးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှု ခံယူနေပါတယ် “ဟု ၎င်း ကဆိုသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့ခံများသည့် အထိတ်တလန့်ဖြစ်နေကြပြီး နောက်ထပ် စစ်ကောင်စီ လေကြောင်းကနေ လာရောက် ဗုံးကြဲမည်ကို စိုးရိမ်နေမှုများ မြင့်တက်နေကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် ကျောက်တော်မြို့ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဧပြီ ၁၉ ရက်ကလည်း ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကာ ၂၃ဦး ဒဏ်ရာရ ရှိခဲ့သည်။

စစ်ကောင်စီက နောက်ထပ် ရခိုင်ပြည်အတွင်းက မြို့နယ်များကို ရည်ရွယ်ချက် ရှိရှိ လေကြောင်းက တစ်ဆင့် ဗုံးကျဲလာနိုင်၍ အထူးသတိထားရန် လိုအပ်နေကြောင်း ကျောက်တော် ဒေသခံတစ်ဦးဖြစ်သည့် စစ်ရေး လေ့လာနေသူတစ်ဦးက ပြောသည်။

” ရသေ့တောင်ကို ဗုံးကျဲတိုက်ခိုက်တယ်။ အဲ့ဒီမှာ ၁၂ ဦးထက်မနည်း သေဆုံးတယ်။ အခု ကျောက်တော်ဘက်ကို လှည့်လာတယ်။ ဒါက ပြည်သူတွေကို အကြောက်တရားတွေ ဖုံးလွှမ်းအောင် လုပ်တာဖြစ်တယ်။ အကြောက်တရားတွေ ဖြစ်အောင် လုပ်တာဖြစ်တယ်။ မနက်ဖြန်ဆိုတဲ့ ဟာကို ဒီစစ်တပ်က အကြောက်တရားတွေ သွင်းနေတာ။ ကျနော်တို့ အားလုံးဒီအချိန်မှာ ဂရုစိုက်ရပါမယ်။ အဆုံးစွန်အထိ ယုတ်မာဖို့ ဝန်မလေးဘူးဆိုတာကို ပြသနေတာ ဖြစ်တယ်” ဟုပြောသည်။

ထို့အပြင် မေလ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ ကို စစ်ကောင်စီ က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံးခဲ့ပြီး ၂၀ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကိုင်းငလျင်ကို အကြောင်းပြ၍ စစ်ကောင်စီက မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့ကို နေ့စဉ် ဗုံးကျဲတိုက်ခိုက်နေသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article