27.1 C
Yangon

ထိုင်း-မြန်မာနယ်စပ်အနီး တာလယ် စစ်ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဒုတပ်ရင်းမှူးနှင့်အဖွဲ့ လွတ်မြောက်နေ၍ KNU က လိုက်ဖမ်းနေ၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၉ ဦးသေဆုံးပြီးလက်နက်ခဲယမ်းများရရှိ

Must read

ရန်ကုန်၊ မေ ၁၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး တာလယ်စစ်တပ်ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဒုတပ်ရင်းမှူး လွတ် မြောက် နေ၍ KNU က လိုက်ဖမ်းနေပြီး ယင်းစခန်းသိမ်းတိုက်ပွဲမှ ဗိုလ်ကြီး အပါအဝင် စစ်သား ၉ ဦးသေဆုံးကာ လက်နက်ခဲယမ်းများရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မေလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် KNU အုပ်ချုပ်မှုနယ်မြေ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ တပ် ခလရ ၂၄ နှင့် အမြောက်တပ် အမတ ၃၁၁တို့ အခြေစိုက်ထားသည့် တညာကျိုး(ခ) တာလယ် စစ်ဗျုဟာစခန်း ကို ၂၀၂၅ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(K.N.D.O)တို့က ပြန်လည် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းပိုက်စဉ် အကြမ်းဖက်စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး ၁ ဉီးအပါအဝင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ပြီး ခလရ ၂၄ ဒုတပ်ရင်းမှူးမှာမူ ထွက်ပြေးလွတ်မြောက်လျက်ရှိသဖြင့် တော်လှန်ရေးတပ်များက ထွက်ပြေးလွတ် မြောက်သွားသော စစ်ကောင်စီတပ်သားများကို လိုက်လံ ဖမ်းဆီး လျက်ရှိ သိရှိရသည်။

KNU က ပြန်လည် သိမ်းပိုက်ထားသော တာလယ် စခန်းမှာ ၁၉၈၆ ခုနှစ်တွင် မြန်မာစစ်တပ်က စတင်တည် ဆောက်ခဲ့ပြီး ၎င်းတို့ စတင်တည်ဆောက်သည့် အချိန်မှစပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ သွားလာလုပ် ကိုင် ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့ရကြောင်း၊ ၎င်းစခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အနီးအနားရှိကျေးရွာများအနေဖြင့် မူလအခြေအနေများအတိုင်း ပြန်လည် လုပ်ကိုင်ရှာဖွေစားသောက် နိုင်တော့မည်ဖြစ်ကြောင်း KNU ဗဟိုက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် KNU တပ်များက ထိုင်း-မြန်မာနယ်စပ်အနီး ၁ ကီလိုမီတာအကွာရှိ မော်ဖိုးကေ စစ်တပ်စခန်းကိုလည်း စတင်တိုက်ခိုက်လျက်ရှိပြီး ဒေသပြည်သူ ၄၁၄ ဦး ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်၊

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article