ရန်ကုန်၊ မေ ၁၅
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ်ကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက ထုတ်ပြန်သည်။
မေလ ၇ ရက် နံနက် ၅ နာရီ ၅၀ မိနစ်က ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ်ကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကူစစ်သားများရောက်ရှိလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးပြီး ၇ ဦးအပြင်း အထန် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအားလုံး အထိ အခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ ဥဩစစ်ကြောင်း ၊ ထားဝယ် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့-ပကဖ ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ တပ်ခွဲ-၁ ၊ KNLA တပ်မ ဟာ ၄ အထူးတပ်ဖွဲ့၊ ထားဝယ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (DDT) နှင့် ဒရုန်းတပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများထံမှ ပစ္စည်းများသိမ်းယူခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေ သော စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစုက အသိပေး ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
