25 C
Yangon

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှ စစ်ကောင်စီ​ဒေါက်တိုင် ပျူစောထီး ၆ ဦးကို ဖမ်းဆီးရရှိပြီး မပတ်သက်တော့သည့်လူ ၁ ဦးကို ပြန်လည် လွှတ်ပေး၊ NUG ၏ ညွှန်ကြားချက်နှင့်အညီ ကိုင်တွယ်နေ

Must read

ရန်ကုန်၊ မေ ၁၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှ စစ်ကောင်စီဒေါက်တိုင် ပျူစောထီး ၆ ဦးကို ဖမ်းဆီးပြီး မပတ်သက်တော့သည့်လူ ၁ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၀ ရက်နေ့ နံနက် ၄ နာရီအချိန် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင်နေထိုင်ပြီး စစ်ကောင်စီ နှင့် ပတ်သက်ဆက်နွယ်သည်ဟု ကျော်ဇောသော ရေလုပ်ငန်းလုပ်ကိုင်နေသူ အသက် ၆၀ အရွယ် ဒေါ်အုန်းရီ နှင့် ၎င်း၏သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် မဇင်မာစိုးတို့ကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိ ရသည်။

၎င်းတို့နှင့်အတူ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးဝယ်ယူထားသည့် စာရင်းစာအုပ်၊ ရေတပ် စစ် သင်္ဘော CO ထံသို့ ဆက်ကြေးကောက်ပေးနေသည့် စာရင်းစာအုပ်များ ၊ စစ်ကောင်စီစစ်ကြောင်း မှူးအပါအဝင် စရဖ ဗိုလ်ကြီး၊ နေပြည်တော်ဗိုလ်မှူးများ ၊ စစ်ကောင်စီအကြီးပိုင်းအရာရှိများ၏ ဖုန်းနံပါတ်မှတ်စုစာအုပ်နှင့် စစ်ကောင်စီဌာနဆိုင်ရာများ၏ ဖုန်းနံပါတ်များရေးမှတ်ထားသည့် စာအုပ် များ၊ လက်ကိုင်ဖုန်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖုန်းအတွင်းစစ်ဆေးချက်အရ ၎င်းတို့သည် စစ်ကောင်စီအပါအဝင် ကျောက်နီမော်ကျေးရွာမှ ပျူစော ထီးခေါင်း ဆောင်ချစ်စမ်းမောင်နှင့် ဆက်သွယ်ပြောဆိုထားသည်ကိုတွေ့ရှိရကြောင်း၊ ထို့အပြင် မူး ယစ် ဆေးဝါးရောင်းဝယ်မှုနှင့်ပက်သက်၍ ဆက်လက်ရှာဖွေရာ WY စိတ်ကြွ မူးယစ် ဆေးပြား ၁၇ ပြား အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ဖမ်းဆီးစဉ် နေအိမ်၌မည်သူမျှ ကျန်ရှိသူမရှိသည့်အတွက် ရွှေငွေနှင့် လက်ဝတ်ရတနာ များ အပါအဝင် ဆိုင်ကယ် ၃ စီးတို့ကိုလည်း လုံခြုံရေးအရ ထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။

“ခရိုနီ ပြောရမှာပေါ့၊ စစ်ကောင်စီနဲ့လည်းပတ်သက်တယ်။ ပြီးတော့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ကာဗာပြန်ယူထားတဲ့ သဘောရှိတယ်ပေါ့၊ အဲဒီလိုမျိုးတွေကျတော့ ကျနော်တို့က နည်းနည်းလေး သတိထားပြီးတော့ ကိုင် တွယ်ရတာပေါ့၊ အခုလက်ရှိကတော့ စမ်းလှမ်းမှာရှိတဲ့ ဒေါ်အုန်းရီပေါ့၊ သူက တော့အဓိက ကျတယ်။ ဆက်ကြေးတွေကောက်ပေးရတဲ့သူဖြစ်တာပေါ့၊ ပင်လယ်ပြင်မှာ ငါးဖမ်း သင်္ဘောတွေ၊ ငါးဖမ်းစက်လှေတွေ အကုန်လုံးကို သူက ဆက်ကြေးကောက်ပေးရတယ်။ အခုလို ဖမ်း ဆီးထိန်းသိမ်းထားတဲ့နေရာမှာ အဖက်ဖက်ကနေ ပြန်ကြည့်နေရတာပေါ့၊ အဓိကတော့ သူတို့က စစ် ကောင်စီရဲ့ အမာခံထောက်ပို့ပုံစံမျိုး ဖြစ်နေတယ်၊ တချို့တော်လှန်ရေးအဖွဲ့တွေနဲ့ သူတို့က ဆက်စပ် ထားတာရှိတယ်။ တဖက်ကနေလည်း သူတို့အတွက်ကာဗာဖြစ်အောင် လုပ်ထားတာတွေလည်းရှိ တယ်၊ အဲဒီလိုဆိုတော့ လုပ်ရကိုင်ရတာလည်းနည်းနည်းခက်ခဲမှုတွေရှိတယ်။ အဓိကတော့ စစ်ကောင် စီကို အထောက်အကူပြုနေတဲ့ စစ်ကောင်စီ‌ ဒေါက်တိုင် လုပ်နေတဲ့သူတွေကိုတော့ ကျနော်တို့က တော့ဖမ်းဆီးအရေးယူမှာပဲ။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ဦးသိန်းဇော်(ခ)ဝမ်းစတား ဆိုသူအား စစ်ကောင်စီနှင့်ပက်သက်ဆက်နွယ်သူအဖြစ် ဖမ်း ဆီးခဲ့ရာ ၎င်းသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး စမ်းလှန်းရွာမှပျူစောထီးများနှင့်အတူ လက် နက်ကိုင်ဖူးသူဖြစ်ကြောင်း၊ တော်လှန်ရေးအစောပိုင်း၌ ဆန္ဒပြသည့် လူငယ်များအားဖမ်းဆီရာတွင် သတင်း ပေးအဖြစ်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

အလားတူ အသက် ၅၈ နှစ်အရွယ် ဦးအောင်မိုး နှင့်၎င်း၏သားဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုရှိန်း သူရိန်မိုး (ခ) သားမဲတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့သည် စစ်ကောင်စီနှင့်ပက်သက်ဆက်နွယ် မှုရှိသူ များဖြစ်ပြီး လက် ခတ်တောင်တာဝါတိုင်စခန်းမှ စစ်တပ်နှင့် ချိတ်ဆက်ကာ ၎င်း၏တိုင်ချက်ဖြင့် ဖမ်း ဆီးခံရသော ပြည်သူ အများပြားရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ဖမ်းဆီးစဉ် နေအိမ်ရှိ ပရိုဘောက်စ်ကားတစ်စီးနှင့်ဆိုင်ကယ် တစ်စီးအားလည်းထိန်းသိမ်းခဲ့ ကြောင်း၊ သို့သော်လည်း ဦးအောင်မိုး၏သားဖြစ်သူ ကိုရှိန်းသူရိန်မိုး(ခ)သားမဲ၏ ထွက်ဆိုချက် အပေါ် မူတည်၍ ၎င်းကို နောက်နောင်စစ်ကောင်စီနှင့်မပတ်သက်ရန်သတိပေးခဲ့ပြီး ခံဝန်ကတိလက်မှတ် ရေးထိုးကာ သိမ်းဆည်းခဲ့သည့် ပရိုဘောက်စ်ကားနှင့်အတူ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အလားတူ စမ်းလှန်းရွာသား အသက် ၃၃ နှစ်အရွယ် ကိုဇော်ဇော်ငြိမ်း ကိုလည်း စစ်ကောင်စီ ထောက်ပို့ လုပ် ဆောင်သည့် သတင်းအချက်အလက်အရ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်း၏ထွက်ဆို ချက်အရ ၎င်းသည်စိတ်ဖောက် ပြန်နေချိန်က လက်ခတ်တောင်တာဝါတိုင်ရှိ စစ်ကောင်စီစခန်းသို့ မကြာခဏသွားလေ့ရှိပြီး စမ်းလှမ်းရွာမှတဆင့် စစ်ကောင်စီ၏ရိက္ခာများ သယ်ယူပေးရသည်ဟု အမှန်တိုင်းထွက်ဆိုခဲ့ကြောင်း သိရသည်။

သူ့ကို စစ်ကောင်စီစခန်းက ထမင်းပါကျွေးကြောင်း ဆေးကုသပြီးနောက်ပိုင်း ပက်သက်ဆက်နွယ် ခြင်း မရှိတော့ကြောင်းထွက်ဆိုခဲ့သည်ဟု ဆိုသည်။

“အခုလောလောဆယ် ဖမ်းဆီးထားတဲ့သူတွေကို အရေးယူထားတာမရှိသေးပါဘူး။ အဓိက က ဖမ်း ဆီးထိန်း သိမ်းထားတာပဲရှိသေးတယ်။ အရေးယူဖို့ကိစ္စတော့ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ခံယူပြီး တော့ လုပ်ဆောင်သွားဖို့ရှိတယ်။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်နှင့် ဆက်နွယ်မှုဖြင့် ဖမ်းဆီးထားသူများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG က ထုတ်ပြန်ထားသည့် အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင် အဓိပ္ပါယ် သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများနှင့်ပက်သက်၍ NUG ကာကွယ် ရေး ဝန်ကြီးဌာန၏ လမ်း ညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article