25.9 C
Yangon

ချောင်းဦးမြို့နယ်၊ ငလုံးတင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့‌နယ် ငလုံးတင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကိုရင်တစ်ပါး အပါအဝင် ပြည်သူ ၆ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငလုံး တင်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကျေးရွာအတွင်း နေထိုင်‌သော ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပစ်တာက ၃ လုံးပစ်တာ လူနေအိမ်တွေ ပေါ်တည့်တည့်ကျလို့ အိမ်တွေပါ မီးလောင်တယ်။ မီးလောင်တဲ့ အိမ်က ၇ လုံးပါ။ ကိုယ်ရင်တစ်ပါးနဲ့ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ဦး‌ သေဆုံးခဲ့ရတယ်။ သေဆုံးသူတွေ အကုန်လုံး ကျည်စလည်းမှန်သလို မီးပါ လောင်ကျွမ်းခဲ့ရတယ်” ဟု ‌ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန် ကျေးရွာနေပြည်သူများက ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article