ရန်ကုန်၊ မေ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင် အတွင်း ဝင်ရောက် ကျူးကျော် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ မော်ကွီးလု တပ်စခန်းကို အပြီးသတ် ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ−၂၄ မှ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မော်ကွီးလု တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက် သိမ်းပိုက်မှုကို တပ်မဟာ (၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




