25.9 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်နီပြည်နယ် မိုးဗြဲမြို့ကို အင်အား ရာဂဏန်းလောက်နဲ့ ဝင်ရောက်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၂၃ ဦးကတော့ အသီးသီးသေကုန်ကြပြန်တဲ့အပြင် အဲဒီစစ်သားတွေရဲ့ အလောင်း တွေပါ ရရှိထားရုံတင်မက နောက်ထပ် စစ်သား ၃ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားပြီး စစ်သား ၁၆ ဦးကလည်း အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ အမှတ် ၁ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနေတဲ့ KNLA ပူးပေါင်းတပ်တွေဟာ နောက်ထပ် ထိုင်းမြန်မာ နယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့မယ်လ တပ်စခန်းကိုပါ မေလ ၁၅ ရက်နေ့ဖြစ်တဲ့ မနေ့က ညပိုင်းမှာပဲ အပြီးသတ် သိမ်းပိုက်လိုက်ပြန်ပြီလို့ KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာက အကြမ်းဖက် စစ်ကောင်စီဒေါက်တိုင် ပျူစောထီး ၆ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားပြီး မသက်ဆိုင်သူ ၁ ဦးကိုတော့ ပြန် လွှတ်ပေးလိုက်သလို NUG ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆက်လက် ကိုင်တွယ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article