32 C
Yangon

ပုလဲမြို့နယ်၊ နွယ်အင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များ အပါအဝင် ပြည်သူ ၄ ဦးသေဆုံး၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေ

Must read

ရန်ကုန်၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာ အရှေ့ပိုင်း၊အလယ်ပိုင်းနှင့်အနောက်ပိုင်းသို့ ၃ကြိမ် တိတိ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် ပြည်သူများဖြစ်ကြသည့် ဒေါ်မေရီ၊ Grade 12 ကျောင်းသူ မကြယ်ဇင်ဦး၊ Grade 6 ကျောင်းသား မောင်ဖုန်းမင်းသန့်၊ မသင်းမြတ်သူတို့ စုစုပေါင်း ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒဏ်ရာရရှိသူများအနေဖြင့် မောင်ဝေယံစိုး၊ မဆွေမာဝင်း၊ မဖြူဖြူလုံး ၊ကိုဖိုးတုတ်၊ ကိုလင်းစိန် နှင့် ၂နှစ်ရွယ် ကလေးငယ် ၁ ဦး စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိကြောင်း၊ ၂ နှစ်အရွယ် ကလေးငယ်မှာ ဗုံးစထိမှန်၍ လက်ဖြတ်လိုက်ရကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ ဗုံးကျဲချတာက ၃လုံးကျဲချသွားတာ။ ရွာအရှေ့ပိုင်း ဗုံး ၁ လုံး၊ရွာအလယ်ပိုင်းမှာ ဗုံး ၁ လုံး၊ အနောက်ပိုင်းမှာ ဗုံး ၁ လုံးစုစုပေါင်း ၃ နေရာမှာ ဗုံးကျဲချသွားတာ။ အဲဒီလိုကျဲချလို့ ကလေးငယ် ၁ ဦးအပါဝင် ပြည်သူ ၃ ဦး နေရာတင် သေဆုံးခဲ့ရတယ်။ နောက်ပြီး ဒဏ်ရာရတဲ့ ၅ ဦးထဲက ၁ ဦးဖြစ်တဲ့ မသင်းမြတ်သူက ဆေးကုသရင်း သေဆုံးသွားတယ်။ နောက်ကျန်တဲ့ ၄ ဦးကလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အ ခြေအနေရှိတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီက မေလ ၁၅ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ပြည်သူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက် ခိုက်မှုတွင် ဆင့်ကွဲပေါက်ကွဲစေသော Cluster Bomb ကို အသုံးပြုခဲ့သော အထောက်အထားများတွေ့ရှိရပြီး ဗုံးအလုံးရေ ၁၀ လုံး ဝန်းကျင် ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် နှင့် မေလ ၁၅ ရက်နေ့တို့တွင်လည်း စစ်ကောင်စီက

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ အတွင်းရှိ ကျေးရွာများသို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article