26 C
Yangon

ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သားနှင့်ရဲ ၃ ဦး အလင်းဝင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးအရှင်ဖမ်းမိ

Must read

ရန်ကုန်၊ မေ ၁၉

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်သား ၂ ဦးနှင့် ရဲ ၁ ဦးတို့သည် လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က သတင်းထုတ်ပြန်သည်။

မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဟားခါးမြို့ပေါ်တွင် တာဝန်ကျနေသာ စစ်သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်၍ ပြည်သူ့တော်လှန်ရေးကို ပူးပေါင်းပါဝင်ရန် ၎င်းတို့ ကိုင်ဆောင်သော လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha ထံသို့ အလင်း ဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသူတို့အား Chinland Defense Force – Hakha က နွေး နွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက် သည်အထိ တာဝန်ယူဆောင်ရွက်ပေးထားကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲတမ်း ကြို ဆိုကြောင်းနှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Chinland Defense Force – Hakha က ဖိတ်ခေါ်ထားသည်။

ထို့ပြင် မေလ ၁၅ ရက်နေ့က ဟားခါးမြို့တွင် တာဝန်ကျနေသာ စစ်သား တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Chinland Defense Force – Hakha ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article