29 C
Yangon

ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ရွာအကြား အများပြည်သူသုံးလမ်း ပေါ်တွင် စစ်တပ်က မြေမြုပ်မိုင်းအလုံး ၇၀ ခန့်ထောင်ထားပြီး ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၁၈

ပဲခူးတိုင်း၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာအကြား အများ ပြည်သူအသုံးပြုသွားလာသည့် လမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းက မိုင်းအလုံး ၇၀ ခန့်ထောင် ထားခဲ့ ရာ ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်းရရှိပြီးဖြစ်ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ ကသတင်းထုတ် ပြန်သည်။

မေလ ၁၅ ရက်နေ့ ရေတာရှည်မြို့ဘက်မှ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ဝင်ရောက်လာ သော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းက ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများပြည် သူအသုံးပြုသွားလာသည့် လမ်းမကြီးပေါ်တွင် M-2 အမျိုးအစားမိုင်းအလုံး ၇၀ ခန့်ကို သွယ်တန်း ထောင်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်သားများက ထောင်ထားခဲ့သည့်မိုင်းများကို ရေတာရှည်မြို့နယ် အခြေစိုက် အမှတ် ၄၅၀၄ တပ်ရင်းမှ ရဲဘော်များ၊ ပကဖအဖွဲ့များနှင့် နေပြည်တော်အလယ်ပိုင်းတိုင်း အမှတ် ၈၀၅ တပ်ရင်းမှ ရဲဘော်များက ပူးပေါင်းပြီး ယနေ့မေလ ၁၈ ရက်နေ့တွင် သွားရောက်ဖယ်ရှားရှင်း လင်းခဲ့ရာ မိုင်းအလုံးရေ ၂၃ လုံးကို ဖယ်ရှားလင်းပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိကြသော ဒေသနေပြည်သူများအနေဖြင့် စစ်ကောင် စီတပ်က အသိတရားကင်းမဲ့စွာ မဆင်မခြင်ထောင်ထားတတ်သောကြောင့် သွားလာဖြတ်သန်းသည့် အခါများတွင် သတိကြီးကြီးထား၍ ပတ်ဝန်းကျင်ကို ဂရုတစိုက် ဖြတ်သန်းသွားလာကြပါရန် အထူး မေတ္တာရပ်ခံ တိုက်တွန်းထား သည်။

ရေတာရှည်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးပြီးနောက် မိုင်းများ ထောင်ထားသဖြင့် ပြည်သူများ မိုင်းထိသေဆုံးခြင်း၊ ခြေလက်အင်္ဂါများ ဆုံးရှုံးခြင်းများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

“ရေတာရှည်ဘက်မှာတော့ စစ်ကြောင်းထိုးသွားပြီးရင် ပြည်သူတွေက သိပ်မသွားရဲတော့ဘူး။ မိုင်းတွေ ထောင်သွားတာက လမ်းတွေနဲ့ ရွာတွေထဲပါ စစ်တပ်က မိုင်းထောင်တာပါ။ စစ်ပြေးရလို့ ကိုယ့်ရွာထဲကို စစ်ကြောင်းဝင်သွားခဲ့ရင်တော့ မိုင်းရှင်းပေးဖို့ PDF တွေကိုပဲ အကူအညီတောင်းရတယ်။ စစ်ဘေးရှောင်တွေထဲမှာ မိုင်းထိတာတွေလည်း ရှိတယ်။ မတ်လ ၆ ရက်နေ့က မိုင်းထိလို့ အသက် ၁၂ နှစ်ဝန်းကျင်ခန့်ရှိ တတိယတန်းကျောင်းသား မောင်ကြယ်စင်ဟိန်း ခြေထောက် နှစ်ဖက်လုံး ဖြတ်လိုက်ရတယ်” ဟု ရေတာရှည်မြို့နယ် ကျွန်းတောကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article