26 C
Yangon

ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာသို့ လာသည့် ဒုရဲအုပ်နှင့် ရဲတပ်သား တို့ကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံ တက္ကသိုလ်ဝင်းရှိ အကြမ်းဖက် စစ်တပ် စခန်းမှ ပန်းရံ ကျေးရွာသို့ ထွက်လာသည့် ဒုရဲအုပ်နှင့် ရဲတပ်သား တို့ကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း No.4 Battalion, People’s Defense Force, Shwebo District မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်အချိန် ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ် အတွင်း အထိုင်ချတပ်ဆွဲ ထားသော အကြမ်းဖက် စစ်စခန်းမှ ပန်းရံပျူစောထီးကျေးရွာသို့ ထွက်လာသည့် ဒုရဲအုပ်နှင့် ရဲတပ်သား တို့ကို တော်လှန် ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်နှင့် ရဲတပ်သားတို့ ၂ ဦးလုံးသေဆုံးပြီး ၃၅ ဗို့ခြောက်လုံးပြူး သေနတ် ၁ လက် ၊ G-3 သေနတ် ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ပန်းရံပျူစောထီးရွာကို သူတို့ ထွက်လာတဲ့အချိန် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာပါ ၂ ဦးလုံးပွဲချင်းပြီးသေပြီး သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု No.4 Battalion, People’s Defense Force, Shwebo District မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article