30.3 C
Yangon

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းသို့ စစ်ကူလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ခဲယမ်းတချို့သိမ်းဆည်းရရှိ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

Must read

ရန်ကုန်၊ မေ ၁၉

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် စစ်တပ် အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ဘောင်မှ သိမ်ကုန်းတာဝါ တိုင်အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်း ကို သိမ်ကုန်းရွာအနီး ပိန်းသိုက်စမ်းနေရာ အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စနိုက်ပါ၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး သေဆုံးဒဏ်ရာရ စစ်သားများကို သိမ်ကုန်းတာဝါတိုင်စခန်းသို့ ပုခက်များဖြင့် သယ်ဆောင်သွားကြောင်း၊ မေလ ၁၈ ရက်နေ့တွင် သေဆုံးသွားသော စစ်သား များကို အမိန့်ပြန်ကာ သဂြိုလ်သည်ဟု သိရှိရကြောင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းနှင့် ၃၆၀၂ တပ် ရင်းမှ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် စစ်သား ၃၀ ဦးဝန်းကျင်ခန့်က ကင်းပတ်ထွက်လာကြောင်း၊ အဆိုပါ ကင်းလှည့် စစ်ကြောင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း SOLO AUNG GYI(Salingyi) က သတင်းထုတ်ပြန်သည်။

စစ်တပ်စစ်ကြောင်းကို ဆားလင်းမြို့ပေါ် ကျောင်းကုန်းရပ်ကွက်အရောက် SOLO AUNG GYI(Salingyi)၊ ချင်းတွင်းဒိုင်းနမိုက် (Salingyi)၊တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်မှု ရှိနိုင်ပြီး စစ်အင်အား တိုးမြှင့် ဖြည့်တင်းလာသဖြင့် တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့် ထပ်မံ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article