32 C
Yangon

ရန်ကုန်တွင် အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ကို ပစ်သတ်ခံရမှုအတွက် CCTV မှတ်တမ်းများကို စစ်ထောက်လှမ်းရေးက ရရှိသွားပြီး ပစ်ခတ်သူများ၏ လမ်းကြောင်းနှင့်နေရာများကို အပူတပြင်းစုံစမ်းစစ်ဆေးနေ၊ နေရာပေါင်းစုံတွင် ပုံစံပေါင်းစုံဖြင့် ဌာနပေါင်းစုံက ပူးပေါင်းထောက်လှမ်းနေ

Must read

ရန်ကုန်၊ မေ ၂၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ကို ပစ်သတ်ခံရမှုအတွက် CCTV မှတ်တမ်းများကို စစ်ထောက်လှမ်းရေးက ရရှိသွားပြီး အပူတပြင်းစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရဲဘက်နှင့်စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက် ရွှေနှင်းဆီ ၆ လမ်းတွင် နေထိုင်သော အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ် ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်ကောင်စီက CCTV မှတ်တမ်းများအားလုံး လိုက်လံသိမ်းဆည်းခဲ့ကြောင်း၊ ယင်း CCTV မှတ်တမ်းများအနက်မှ ပစ်ခတ်သူတချို့၏ ဓာတ်ပုံမှတ်တမ်းများနှင့် အဝင်အထွက် လမ်းတစ်လျှောက်ကို စစ်ကောင်စီ၏ စစ်ထောက်လှမ်းရေးများက လိုက်လံ စုံစမ်းနေကြောင်း သိရှိရသည်။

“CCTV မှတ်တမ်းအားလုံးကိုတော့ ရနေပြီ။ သူတို့ CCTV မှတ်တမ်းကိုလည်း ဌာနပေါင်းစုံ ဖြန့်လည်း ဖြန့်နေတ ယ်။ အပူတပြင်းလိုက်နေတာကလည်း ဌာနပေါင်းစုံ လိုက်နေကြတယ်။ ပစ်ခတ်သူကို မိအောင်ဖမ်းဖို့ ဒုစစ်ခေါင်း ဆောင် စိုးဝင်းက အမိန့်ပေးတယ်။ သူ ရန်ကုန်ရောက်နေတဲ့အချိန် ဖြစ်သွားလို့ ပိုပြီး ဖိအားပေးနေတယ်။ ဒီ Case မမိရင် ရာထူးပြုတ် အရေးယူခံရမယ့် တပ်နယ်မှူးတွေ၊ ရာထူးကြီးတွေ အများကြီးပဲ ” ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ယမန်နေ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သော အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင်၏ နာရေးကို မေလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ရက်လည်ကို မေလ ၂၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း နာရေးကြေညာချက်အရ သိရှိရသည်။

ပစ်သတ်ခံရသော အငြိမ်းစား ဗိုလ်မှူးချုပ်ချိုထွန်းအောင်သည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defense College-NDC) တွင် Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံ တကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားနေသူဖြစ်ကြောင်း၊ စစ်တပ်မှ ဗိုလ်မှူးချုပ် / ဗိုလ်ချုပ်ရာထူးဖြင့်အငြိမ်းစားယူခဲ့သော်လည်း လက်ရှိအကြမ်းဖက်စစ်တပ်၏ နေ့စဉ်လူမဆန်မှုများစွာအတွက် စစ်ဘက်ဆိုင်ရာ သင် ကြားပို့ချနေသူများကိုလည်း စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ် သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ် ချိုထွန်းအောင်သည် ဘရူးနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကာ နေပြည်တော် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC တွင် အကြမ်းဖက်စစ်တပ်အရာရှိကြီးများကို ဆက်တိုက် သင်ကြားပို့ချနေသူဖြစ်ကြောင်း Golden Valley Warriors ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မင်းအောင်လှိုင်၏ အားထားရသူ များထဲတွင် အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင် လည်းပါဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မတ်လ ၂၆ ရက်နေ့တွင် မင်္ဂလာဒုံလေ တပ်စခန်းမှ စစ်တပ်သယ်ယူပို့ဆောင်ရေးလေယဉ် MAF003 အထူးလေယာဉ်ဖြင့် စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနှင့် ထင်ရှားအရေးပါသူများကို နေပြည် တော်စစ်ရေးပြ အခမ်းအနားတက်ရန် မင်းအောင်လှိုင်က စီစဉ်ပေးထားခဲ့ကြောင်း၊ အဆိုပါလေယာဉ်ပေါ်တွင် အေးနေဝင်းတို့မိသားစု အပါအဝင် ဗိုလ် ချုပ် ချိုထွန်းအောင်လည်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၅ တပ်မတော်နေ့ စစ်ရေးပြပွဲအခမ်းအနားအပြီး မတ်လ ၂၈ရက် နေပြည် တော်မှ ရန်ကုန်အပြန်လမ်းကြောင်းအတွက် စစ်တပ်သယ်ယူပို့ဆောင်ရေးလေယာဉ် MAF0011 အထူးလေယာဉ်ဖြင့် ဗိုလ်ချုပ် ချိုထွန်းအောင် ပြန်လာခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သည် ၎င်း အားကိုးရသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အကြံဥာဏ်များကို ရယူပြီး ပြည်သူ့စစ် မဟာ ဗျူဟာ ကို စစ်မှုထမ်း ဟောင်းအဖွဲ့အင် အားဖြင့် လုပ်ဆောင်နေကြောင်း၊ အဆိုပါ အဖွဲ့၏ တိုင်းအဆင့်ခေါင်းဆောင်များ တွင် ဗိုလ်ချုပ်ချိုထွန်းအောင်ပါဝင်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ချိုထွန်းအောင်ကို သူကိုယ်တိုင် ဝဏ္ဏကျော်ထင် ဘွဲ့တံဆိပ်ပေးအပ်ခဲ့ပြီး ရွှေအချိန် ၅ ကျပ် သားကိုပါ ဂုဏ်ပြုဆုအဖြစ် တပါတည်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article