26 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ မေ ၂၃

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းစစ်တပ်သတင်းဌာနတချို့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၂၂ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်အချိန် ထိုင်းစစ်တပ်နှင့် လုံခြုံရေးတာဝန်ရှိသူများက ကင်းလှည့်နေစဉ် မြန်မာနိုင်ငံသား ၁၅ ဦးကိုဖ မ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့မှာ မည်သည့် စာရွက်စာတမ်း အထောက်အထားမှ မပါဘဲ ဝင်ရောက်လာခဲ့သူဖြစ်ကြောင်း ၊ ၎င်းတို့မှာ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက် အလုပ်လုပ်နိုင်ရန် လာခါ်မည့်သူကို စောင့်ဆိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၁၅ ဦးသည် မြန်မာနိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တောလမ်းများမှတစ်ဆင့် ဝင်ရောက်ခဲ့ကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ထိုင်းဘတ် ၂၀၀၀၀ အထိပေးရကြောင်း သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့် အရေးယူ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article