26.4 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်မြို့မှာ အကြမ်းဖက် စစ်ကောင်စီဘက်က အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ဆိုသူ ပစ်သတ်ခံ ရမှုအတွက် CCTV မှတ်တမ်းတွေကို စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးက ရရှိသွားပြီး ပစ်ခတ်သူတွေရဲ့ လမ်းကြောင်းနဲ့ နေရာတွကို အပူတပြင်းစုံစမ်းစစ်ဆေးနေသလို ဒီအမှုကို မမိရင် ရာထူးပြုတ်မယ့် အရာရှိကြီး ပိုင်းတွေ အများကြီးရှိနေတယ်လို့ စစ်ကောာင်စီရဲ့ ရဲဘက် နဲ့ စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုလာပါတယ်။
  • ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တခုပြီးတစ်ခု သိမ်းပိုက်လာနေတဲ့ KNLA ပူးပေါင်းတပ်တွေဟာ အဲဒီ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြ၀တီမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်း ၄ ခုကိုပါ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေနဲ့ ထိုင်းသတင်းတွေမှာပါ ဖော်ပြထားကြပါတယ်။
  • ပဲခူးတိုင်းက တောင်ငူမြို့နဲ့ အနီးဆုံးအထိ တိုက်ပွဲတွေရောက်လာပြီး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၇ မှာပါ တိုက်ပွဲဖြစ်ပွားလာနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article