26.3 C
Yangon

နိုင်ငံရေးတွင် အနုပညာရှင်တချို့က လွဲမှားစွာ ဝင်ဆောင်ရွက်၍ နိုင်ငံတွင် မဖြစ်သင့်သည်များ ဖြစ်ခဲ့ရဟု အပြစ်တင်လိုက်ပြီး ရုပ်ရှင်ရုံများတွင် စစ်တပ်က အသိပေးလိုသည့် အချက်များကို ပြသပေးရမည်ဟု ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း အမိန့်ပေး

Must read

ရန်ကုန်၊ မေ ၂၄

မြန်မာနိုင်ငံ၏ ပါတီနိုင်ငံရေးတွင် အနုပညာရှင်တချို့က လွဲမှားစွာ ဝင်ရောက်ဆောင် ရွက်ခဲ့သဖြင့် နိုင်ငံတော်တွင် မဖြစ်သင့် မဖြစ်ထိုက်သည်များ ဖြစ်ပွားခဲ့ရကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက ပြစ်တင်ပြောဆိုလိုက်သည်။

ယမန်နေ့ ရန်ကုန်တွင် ရုပ်ရှင်ဇတ်ကားများ ရုံတင် ပြသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြစ်တင်ပြောဆိုလာခြင်းဖြစ်သည်။

အနုပညာရှင်များအနေဖြင့် ပြည်သူများကို ပျော်ရွှင်မှုပေးရမည်ဖြစ်သကဲ့သို့ အသိ ပညာ ဗဟုသုတများပေးအပ်၍ မှန်ကန်သည့် လမ်းကြောင်းသို့ ရောက်ရှိအောင် လမ်းပြပေးကြရမည်ဖြစ်ကြောင်း၊ အနုပညာရှင်တချို့က မိမိတို့၏ အနုပညာလုပ် ငန်း များကို လုပ်ဆောင်ရမည့်အစား ပါတီနိုင်ငံရေး လုပ်ငန်းများတွင် လွဲမှားစွာ ဝင်ရောက် ဆောင်ရွက်ခဲ့သည့် အတွက် နိုင်ငံတော်တွင် မဖြစ်သင့် မဖြစ်ထိုက်သည်များကို ဖြစ်ပွားခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရုပ်ရှင်များသည် ပြည်သူများ အပန်းဖြေသည့်နေရာ၊ စုဝေးသည့်နေရာများ ဖြစ်သဖြင့် နိုင်ငံတော်အစိုးရက ပြည်သူလူထုထံ တင်ပြလိုသည့် အချက်များ၊ အသိပေးလိုသည့်အချက်များကိုလည်း ပြသပေးရန် လိုအပ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက ရုပ်ရှင်အဖွဲ့များသို့ ညွှန်ကြား ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရုပ်ရှင်လုပ်ငန်းများနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး ဆင်ဆာစနစ်ကိုပါ ပြန်လည် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article