26.3 C
Yangon

စလင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၄ ရက် နံနက်အစောပိုင်း ၃ နာရီခန့်အချိန် စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အအုံ ကို RPG7 ဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စလင်းမြို့နယ် စုပေါင်းရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

“ဗဟိုကင်းကို အနီးကပ်ပစ်ခတ်နိုင်ခဲ့ပါတယ်၊ စခန်းရဲစခန်းနဲ့ ထွေအုပ်ရုံးထဲ စစ်ကားတွေ ထပ်မံ အင်အားဖြည့် တင်းနေပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ခွဲ ၂ ခွဲမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့မေလ ၂၄ ရက် နံနက်အစောပိုင်း ၁ နာရီခန့်အချိန်ကလည်း စလင်းမြို့နယ်၊ လင်းဇင်ရဲစခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပွိုင့်တစ်ခုမှ လက်နက်ကြီး များဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်မှ ၁၂ ရက်ကြာ စစ်ကြောင်းထိုး၍ ကျေးရွာများအား မီးရှို့ ဖျက်စီးနေသဖြင့် ဒေသကာ ကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိရာ နေ့စဉ်တိုက်ပွဲဖြစ် ဖြစ်ပွား လျက်ရှိကြောင်း၊ အပစ်မဲ့ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးမီးရှို့နေသည့် အကြမ်းဖက် စစ်တပ် ကို အဆုံးအထိတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – စလင်းမြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်အထိ ဝင်ရောက်ကင်းလှည့်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စလင်းမြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်အထိ ဝင်ရောက်ကင်းလှည့်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article