ဒီကနေ့ မေ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ “ရည်မှန်းချက်ဟာ ရန်သူအားသတ်ရန်” ဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူပြီး “ရဲရဲတက် ရဲရဲတိုက် ရဲရဲသတ် ကျူပင်ခုတ် ကျူငုတ်ပင်မကျန်စေရေး” သတ်ဖြတ် တိုက်ခိုက်ရမယ်ဆိုပြီးတော့ကို တပ်သားသစ်တွေကို သင်ကြားပို့ချနေတယ်လို့ စစ်မှုထမ်းတပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုထားပါတယ်။
- မန္တလေးတိုင်းက မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းက မြင်းမူမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး တပ်တွေက အသင့်စောင်ပြီး တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် နောက်ထပ် စစ်သား ၃ ဦးက ပြင်းထန်ဒဏ်ရာတွေရသွားပြီး ပြန်ဆုတ်သွားကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
