ဒီကနေ့ မေ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဘလက်ဒို တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိထားသလို စစ်ကောင်စီ တပ်သား အယောက် ၃၀ ကျော်လည်း လက်နက်ချခဲ့ကြပြီး၊ ကျန်တဲ့ စစ်ကောင်စီတပ်သား အများအပြားကတော့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- ထိုင်း-မြန်မာနယ်စပ်မှာ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဘလက်ဒို တပ်စခန်းကနေ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၃ ဦးကို ထိုင်းစစ်တပ်က လက်မခံပဲ မြန်မာဘက်အခြမ်းကို ပြန်ဖို့ နှင်ထုတ်နေတယ်လို့ ထိုင်းမြန်မာ နယ်စပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မကွေးတိုင်း စလင်းမြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မြို့မရဲစခန်း၊ စုပေါင်းရုံး နဲ့ လင်းဇင် ရဲစခန်းတို့ကို တော်လှန်ရေးပူပေါင်းတပ်တွေက ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
