ရန်ကုန်၊ မေ ၂၄
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ – စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။
မေလ ၂၁ ရက် နံနက် ၁၀ နာရီခွဲခန့်က လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ -စရဖ ရုံးကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်း တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစု၊ နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ် အဖွဲ့၊ ကျောင်းသားတော်လှန်ရေးအဖွဲ့နှင့် ဒေါနတပ်ခွဲ ၇ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
