28 C
Yangon

၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ်

Must read

ရန်ကုန်၊ မေ ၂၅

မင်းအောင်လှိုင်လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးခေါ်လို့ ကျိုင်းတုံထိသွားပြီး လောကသရဖူ စေ တီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုပါတယ်။

မေလ ၂၃ ရက်နေ့ကတည်းက ကျိုင်းတုံကို ရောက်ရှိခဲ့တဲ့ မင်းအောင်လှိုင် လင်မယားက ၀စီပိတ်ဘုန်းကြီးရဲ့ ခေါ်ယူမှုကြောင့် ဘုန်းကြီးကို အဓိက သွားရောက် တွေ့ဆုံတာဖြစ်ပြီး ၀စီပိတ်ဘုန်းကြီး ဦးဆောင် တည်ဆောက်နေတဲ့ ပန်းကွဲဗုဒ္ဓဥယျာဉ်တော်မှာ လောကသရဖူ စေတီ ဘုရားဌာပနာ ယတြာချေတာ၊ အဲဒီစေတီမှာ အစီအရင် အင်းပြားတွေ မြှုပ်နှံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ကျိုင်းတုံမြို့ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင်အကွာမှာ ဗုဒ္ဓဥယျာဉ်တော်ဆိုပြီး ၀စီပိတ်ဆရာတော်ကြီးက တည်တာ။ အဲဒါက ၂၀၁၅ အစောပိုင်းကာလတွေလောက်ကတည်းက လုပ်နေတာ။ အဲဒါက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာက ဒီဇိုင်းအတိုင်း ဥယျာဉ်တော်ကို ဆောက် လုပ်ထားတာပါ။ အဲဒီအထဲမှာ အဘယ ရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတွေတည်ထားတယ်။ နောက်ပြီး လောကသရဖူဘုရားကြီး၏ ပုံတူပုံစံငယ် လောကသရဖူ စေတီထပ်တည်တယ်။ အဲဒီဥယျာဉ်တော်တစ်ခုလုံးက အင်းတွေ ယတြာတွေ အစီအရင်တွေနဲ့ လုပ်ထားတာလို့ သိရတယ်။ ဒီဥယျာဉ်တော်က တပ်ချုပ်ဘ၀ရဲ့ ရာထူးတိုး အဆင့်ဆင့် တက်လမ်းအတွက် အစီအမံတွေ လုပ်ပေးခဲ့တဲ့ ၀စီပိတ်ဆရာတော်ကြီးရဲ့ ဆန္ဒကို တပ်ချုပ် က အောင်မြင်မှုအနေနဲ့ လုပ်ပေးတာလို့ ဒီဘက်မှာတော့ အားလုံးသိကြတယ်။ ဥယျာဉ်တော်ကြီးဆောက်နေတာကတော့ စစ်အာဏာမသိမ်းခင်ကတည်း က ဆောက်နေတာ” လို့ စစ်ဘက်သတင်းရင်းမြစ် ပြောဆိုပါတယ်။

ကျိုင်းတုံမှာ ၀စီပိတ်ဘုန်းကြီးနဲ့ မင်းအောင်လှိုင်တို့ ပူးပေါင်း တည်ဆောက်နေတဲ့ ဗုဒ္ဓဥယျာဉ်တော်မှာ သီလဓမ္မဆေးရုံကိုလည်း မနေ့က ဖွင့်လှစ်လိုက်ပြီး သီလဓမ္မ ဆေးခန်းလည်းပါဝင်ပါတယ်။ ဆေးရုံနဲ့ ဆေးခန်းကိုလည်း ၀စီပိတ်ဘုန်းကြီးကပင် ဦးဆောင် မြေနေရာ ရွေးချယ်၊ အစီအရင်တွေနဲ့ တည် ဆောက်ခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၀စီပိတ်ဘုန်းကြီးလို့ လူသိများတဲ့ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ က မင်းအောင်လှိုင် တိုင်းမှူး ဗိုလ်ချုပ်ဘ၀ကတည်းက ကိုးကွယ်ခဲ့တာဖြစ်ပြီး ယတြာတွေ အမြဲချေပေးခဲ့တဲ့ ဘုန်းကြီးဖြစ်တယ်လို့ သိရပါတယ်။

အာဏာရှင်ဟောင်း သန်းရွှေလက်ထက် မင်းအောင်လှိုင် ရာထူးတက်ဖို့နဲ့ တပ်ချုပ်ရာထူးရဖို့အတွက် ၀စီပိတ်ဘုန်းကြီးက ယတြာတွေ အမျိုးမျိုးချေပေးခဲ့ပြီး သူချေပေးတဲ့ ယတြာအတိုင်း မင်းအောင်လှိုင်လည်း ရာထူးတွေ ရခဲ့တာမို့ မင်းအောင်လှိုင်၊ ကြူကြူလှ အပါအဝင် တစ်မိသားစုလုံးက ၀စီပိတ် ဘုန်းကြီးကို ယုံယုံကြည်ကြည် ကိုးကွယ်ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီမှာလည်း မင်းအောင်လှိုင်နဲ့ ကြူကြူလှက ၀စီပိတ်ဘုန်းကြီးဆီကို သွားရောက်ပြီး အာဏာသိမ်းဖို့ တိုင်ပင် ယတြာစီစဉ်ခိုင်းခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နေပြည်တော်မှာနေတဲ့ မင်းအောင်လှိုင်က သူလိုအပ်တဲ့အခါတိုင်း စစ်ရဟတ်ယာဉ်စေလွှတ်ပြီး ကျိုင်းတုံမှာရှိတဲ့ ၀စီပိတ်ဘုန်းကြီးကို ခေါ်ဆောင် ဆွမ်းကပ်တာ၊ နေအိမ်မှာ ရွတ်ဖတ်ခိုင်းတာ၊ ဗေဒင်ယတြာတွေ စီမံခိုင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article