26 C
Yangon

ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၂၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကျေးရွာရှိ မင်္ဂလာ ဆောင်အိမ်ပေါ်သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိကြောင်း သိရှိရသည်။

“မြို့နယ်အပိုင်က ရွှေကျင်မြို့နယ်ထဲမှာမဟုတ်ဘူး။ ကျောက်ကြီးမြို့နယ်ထဲမှာပါ။ ဒီမနက် ၈ နာရီ ၅၅ မိနစ်အချိန် ကျွန်းကြီးကျေးရွာထဲမှာ ရှိနေတဲ့ မင်္ဂလာဆောင် နေအိမ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်တာပါ။ ပြည်သူ ၄ ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိပါတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ကျောက်ကြီးမြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီက နယ်မြေစိုးမိုးမှုမှာ တော်လှန်ရေးတပ်များက အဓိက စိုးမိုးထားကြောင်း၊ စစ်တပ်က ယနေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများမှာ အရပ်သား ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article